News

POST TYPE

LATEST NEWS POST

နာဂရိုးရာနှစ်သစ်ကူးပွဲတော် နန်းယွန်းမြို့တွင် ကျင်းပမည်
24-Sep-2017 tagged as နာဂ

မြစ်ကြီးနား၊ စက်တင်ဘာ ၂၄

လာမည့်နှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်(ဗဟို) ကို နာဂဒေသ နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားစွာ ကျင်းပရန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ သဘောတူ ဆုံးဖြတ်လိုက်သည်။

အဆိုပါ အဖွဲ့တာဝန်ရှိသူများ စက်တင်ဘာလ ၂၃ ရက်က တွေ့ဆုံဆွေးနွေးပြီး အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း နန်းယွန်းမြို့နယ် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးနောက်တွန်းက ပြောကြားသည်။

စုပေါင်း နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကြီးကို နာဂစာပေနှင့် ရိုးရာယာဉ်ကျေးမှု ကော်မတီ (ဗဟို) မှ ဦးစီးပြီး ကျင်းပမည်ဖြစ်၍ နိုင်ငံတော်အကြီးအကဲများ ဖိတ်ကြားရေးနှင့် ပွဲအစီအစဉ် အသေးစိတ်ကိုမူ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရှိရသည်။

ဓာတ်ပုံ - ရန်ကောင်း