News

POST TYPE

LATEST NEWS POST

နောင်ချိုတွင် ကျောက်တူးသည့် အမျိုးသားနှစ်ဦး ကျောက်တုံးပိမိ သေဆုံး
24-Sep-2017 tagged as

နောင်ချို၊ စက်တင်ဘာ ၂၄ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာအနီး ဖြုန်းတောင်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖြုန်းတူးနေသည့် အမျိုးသားနှစ်ဦး ကျောက်တုံးပြိုကျရာမှ ပိမိသေဆုံးခဲ့ကြောင်း နောင်ချိုမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“သူတို့နှစ်ဦးက အိမ်နီးနားချင်းတွေ လမ်းခင်းဖို့ ဖြုန်း (ဗြုန်း) တောင်မှာ သွားတူးကြတာပါ။ ထမင်းစားမယ်ဆိုပြီး တောင်ခြေနားက ကျောက်တုံးကြီးကိုမှီပြီး အမောဖြေနေတုန်း သူတို့ရဲ့အထက်အမြင့် ၁၂ ပေ လောက်က ကျောက်တုံးလှိမ့်ဆင်းလာပြီး သူတို့နှစ်ယောက်စလုံးကို ပိမိသွားတဲ့အတွက် နေရာမှာတင် နှစ်ဦးစလုံး သေဆုံးသွားရတာ” ဟု နောင်ချိုမြို့မ ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါသေဆုံးမှုအပေါ် နောင်ချိုမြို့မ ရဲစခန်းက ပထမ သတင်းပေးတိုင်ချက်အမှတ် ၁၂/၂၀၁၇ ဖြင့် သေမှုသေခင်း အမှုဖွင့်ကာ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

R-07

  • TAGS