POST TYPE
LATEST NEWS POST
ဒီပဲယင်းတွင် ကျောင်းသားတစ်ရာကျော် အစာအဆိပ်သင့်
21-Sep-2017
ဒီပဲယင်း၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဒိုင်နက်ကျေးရွာရှိ ဓမ္မစကူးဘုန်းတော်ကြီးစာသင်ကျောင်းတွင် စက်တင်ဘာလ ၂၀ ရက်နေ့က ကျောင်းသူ၊ ကျောင်းသား တစ်ရာကျော်သည် နံနက်စာအဖြစ် စားသောခေါက်ဆွဲကြော်မှ အစာအဆိပ်သင့်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါကျောင်းတွင် KG တန်းမှ သတ္တမတန်းအထိ ကျောင်းသား ၁၄၄ ဦး စာသင်ကြားနေရာ နံနက်စာအဖြစ် အလှူရှင်မှ လှူဒါန်းသည့် ဂေါ်ဖီ၊ ကြက်သားတို့ဖြင့်ကြော်သော ခေါက်ဆွဲကြော်ကို စားသုံးပြီးနောက် မွန်းလွဲ ၂ နာရီတွင် ကျောင်းသားများ အော့အန်ကာ ဝမ်းလျှောခဲ့၍ နီးစပ်ရာဆေးခန်းများသို့ ပြသခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။
“တစ်ကျောင်းလုံးအပြင် ချက်ပြုတ်တဲ့ကူညီသူတွေရော ၁၉၉ ယောက်ဖြစ်တယ်။ ရွာထဲဝေပြီး စားကြတာ။ အန်တာ ဝမ်းသွားတာတွေဖြစ်တယ်။ နို့တိုက်မိခင်ဆိုရင် ကလေးပါဖြစ်တယ်၊ ဂေါ်ဖီက ပိုးသတ်ဆေး ရေစင်အောင် မဆေးမိတာလို့ပြောသလို ကြက်သားကြောင့်လို့ ပြောတာလဲရှိတယ်။ အားလုံး သက်သာပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ အစာအဆိပ်သင့်ခဲ့သည့် ကျောင်းသား အများစုသည် သက်သာပျောက်ကင်းသည့်အတွက် ယင်းနေ့ ညနေတွင် နေအိမ်သို့ပြန်နိုင်ခဲ့ပြီး ဒိုင်နက်ကျမ်းမာရေးဌာနခွဲ မရကန်ကျမ်းမာရေးဌာနတွင် ၂၅ ဦး၊ ရေဦးဆေးရုံတွင် နှစ်ဦး၊ တက်ရောက်ဆေးကုသမှု ခံယူနေရာမှ ယနေ့(စက်တင်ဘာလ ၂၁ ရက်) နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
R-08
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
20-Feb-2019
-
15-Feb-2019