News

POST TYPE

LATEST NEWS POST

ရခိုင်ကိစ္စတွင် ဘက်လိုက်မှုများ ရှိခြင်းကြောင့် မစ္စယန်ဟီးလီကို ရာထူးမှ ဖယ်ရှားပေးရန် UNHCR သို့ အာရှလူ့အခွင့်အရေးစင်တာ စာပို့
ဒေလီ၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာ့အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်းကြောင့် ၎င်းကို ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် အာရှလူ့အခွင့်အရေးဆိုင်ရာစင်တာ (ACHR) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌကို တိုက်တွန်းလိုက်သည်။ 

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၅/၂၊ အထူးလုပ်ပိုင်ခွင့် ရရှိထားသူများ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ကြောင်း၊ အထူးသဖြင့် အပိုဒ်-၃ တွင် ပါရှိသည့် ပြုမူလုပ်ဆောင်ရမည့် တာဝန်ဆိုင်ရာ စည်းမျည်းစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ Joaquin Alexander Maza Martelli အနေနှင့် ကြားဝင်လုပ်ဆောင်ပေးနိုင်ရန် ACHR က စတင်ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။ 

အာရှလူ့အခွင့်အရေးဆိုင်ရာစင်တာ (ACHR) ၏ အဆိုပါ ကြိုးပမ်းချက်သည် ဖြစ်တောင့်ဖြစ်ခဲ အရေးကိစ္စတစ်ခု ဖြစ်သည်။ 

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မဖြစ်မနေ ဖြေရှင်းရမှာ ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ဘက်လိုက်မှုကြောင့် အလားတူ ချိုးဖောက်မှုတွေ မဖြစ်ဖို့လည်း လိုပါတယ်” ဟု ACHR ၏ ညွှန်ကြားရေးမှူး မစ္စတာ Paritosh Chakma က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ ဥက္ကဋ္ဌသို့ စာတစ်စောင် ရေးသားပေးပို့သည်။ 

UNHCR ၏ ဥက္ကဋ္ဌ Joaquin Alexander Maza Martelli အနေနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စအတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စ Indira Jaising ကို ယင်းရာထူးမှ ဖယ်ရှားခဲ့စဉ်က ကျင့်သုံးခဲ့သည့် စံသတ်မှတ်ချက်များအတိုင်း ယခုကိစ္စကို လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းထားသည်။ 

မစ္စ Indira Jaising သည် အာရပ်မီဒီယာ Aljazeera နှင့် ပြုလုပ်သော အင်တာဗျူးတွင် လူမျိုးတုန်း သတ်ဖြတ်မည့် အန္တရာယ် ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။ 

ယခု UNHCR ဥက္ကဋ္ဌထံသို့ ပေးပို့သော စာတွင် “အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က မရိုကျေးရွာမှ ရွာသားခြောက်ဦး၊ ကျောင်းဒိုးကျေးရွာအနီး အခြားတိုင်းရင်းသား ငါးဦးနှင့် အခြား မရိုတိုင်းရင်းသား ၇ ဦးကို သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီလ က်နက်ကိုင်အုပ်စုများကို ဖော်ပြရန် ပျက်ကွက်ခဲ့သည်” ဟု ACHR က ထောက်ပြပြောဆိုသည်။

(ပုံစာ-သတင်းအပြည့်အစုံကို မနက်ဖြန်ထွက်ရှိမည့် The Voice Daily တွင် ဖော်ပြထားပါမည်)