POST TYPE

LATEST NEWS POST

ဥက္ကံရဲစခန်းတွင် ရဲတပ်သားက စခန်းမှူးကို သေနတ်ဖြင့် ပစ်ခတ်
09-Sep-2017 tagged as ရဲ

ဥက္ကံ၊ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းတွင် ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက်အစောပိုင်းက ရဲတပ်သားတစ်ဦးက စခန်းမှူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ စခန်းထံမှ သိရသည်။

အသက် ၂၂ နှစ်အရွယ် ရဲတပ်သားက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ရာ စခန်းမှူးကို မထိသော်လည်း အခြားအဆင့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ရှပ်ထိခဲ့သဖြင့် ဥက္ကံတိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ယင်းစခန်းထံမှ ဆက်လက်သိရှိရသည်။

ကနဦး သတင်းများအရ ကင်းစောင့်နေသော ရဲတပ်သားကို စခန်းမှူးက ဆဲဆိုခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ရဲတပ်သားကို အမှုဖွင့်ကာ အရေးယူမည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R – 19