News

POST TYPE

LATEST NEWS POST

မုံရွာ ကေတီဗီဆိုင်ရှေ့ ရိုက်ပွဲဖြစ်
23-Aug-2017 tagged as မုံရွာ KTV

မုံရွာ၊ ဩဂုတ်၂၃

မုံရွာမြို့၊ မြို့သစ်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးရှိ ကေတီဗီဆိုင်ရှေ့တွင် ဩဂုတ် ၂၁ ရက်နေ့ ညက ဆိုင်ကယ်ချင်း ချိတ်မိရာမှ ကေတီဗီ ဆိုင်ဝန်ထမ်းများနှင့် ရပ်ကွက်နေထိုင်သူများ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေ့ညက ကေတီဗီဆိုင် ဝန်ထမ်း စီးလာသော ဆိုင်ကယ်နှင့် အိုးဘိုတောင် ရပ်ကွက်နေသူ စီးလာသည့်ဆိုင်ကယ်တို့ အချင်းချင်း ချိတ်တိုက်မိရာမှ ရပ်ကွက်နေသူနှင့် ဆိုင်ဝန်ထမ်းများ ခိုက်ရန်ဖြစ်ပွားကာ လူသုံးဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါစခန်းမှ သိရသည်။

“အပြန်အလှန် အမှုဖွင့်ထားကြတယ်”ဟု မြို့မစခန်းမှူး ဒုရဲမှူးကျင်စိန်က ဆိုသည်။

ယင်းသို့ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်ကွက်နေသူများဘက်မှ ခိုင်မိုးဦး ၃၇ နှစ်၊ ကြည်ခင် ၄၃ နှစ်တို့တွင် မျက်နှာဖူးရောင်ခန္ဓာကိုယ် နာကျင်ဒဏ်ရာများ ဖြစ်ပွားခဲ့ကာ မုံရွာဆေးရုံတွင် အတွင်း လူနာအဖြစ် ကုသနေကာ ဆိုင်ဝန်ထမ်းများဘက်မှ ကျော်ဇောဝင်း၂၇ နှစ်မှာ နဖူးပေါက်ပြဲဒဏ်ရာရခဲ့ကြောင်း မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဖြစ်ပွားမှုတွင် ကျော်ဇင်အောင်က တရားလိုပြုကာ ရိုက်နှက်သူ ဆိုင်ရှင်၊ မန်နေဂျာနှင့် ဝိတ်တာ အယောက် ၂၀ ကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ဖြင့် လည်းကောင်း၊ ဆိုင်ဝန်ထမ်း အောင်ဖြိုးက အမည်မသိ ရိုက်နှက်သူ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း မြို့မရဲစခန်းတွင် ဩဂုတ် ၂၂ ရက်နေ့က အပြန်အလှန် အမှုဖွင့်ထားသည်။

R-08