News

POST TYPE

LATEST NEWS POST

မိုင်းလားဈေးကွက် တင်ပို့မည့် ဝက်ဝံနှင့်လိပ်များ ကျိုင်းတုံ၌ ဖမ်းမိ
21-Aug-2017 tagged as မိုင်လား

ကျိုင်းတုံ၊ ဩဂုတ် ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းခတ်လမ်း နောင်ဖာရဲကင်းတွင် ယနေ့ (ဩဂုတ် ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပရိုဗောက်ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာမှ မိုင်းလားဈေးကွက်သို့ တင်ပို့ရောင်းချမည့် ဝက်ဝံနှင့်လိပ်များ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။

“အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မောင်းလာတဲ့ ပရိုဗောက်ယာဉ်ကို စစ်ဆေးချိန်မှာ ဝက်ဝံအသေနှစ်ကောင်ရဲ့ ခြေနဲ့လက် လေးချောင်းရယ် လိပ်အပျော့ အရှင် ၁၀ ကောင်ကို ဖမ်းဆီးရမိခဲ့တယ်။ ဘယ်ကယူဆောင်လာတယ် ဆိုတာ စစ်ဆေးနေဆဲမို့ မသိရသေးပေမယ့် မိုင်းလားကို ပို့မယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၂ နှစ်ခန့်အရွယ် ယာဉ်မောင်း စိုင်းယီတစ်ကို သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထား၍ စစ်ဆေးနေပြီး တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

R-16