News

POST TYPE

LATEST NEWS POST

ယုဇန ဆီအုန်းခြံတွင် အမည်မသိ လူတစ်စု ကန်တော့ပွဲပေး မြေတူး
20-Aug-2017 tagged as



Kawthaung, August 20

Kawthaung No stomach in the village 27 miles Yuzana plantation, an unknown group in the offertory and မွတေူးစကျ no drilling was allowed Kawthaung administrator.

ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ အမည်မသိ လူတစ်စုက အင်္ဂလိပ်ခေတ်က ရှေးဟောင်းပစ္စည်းများ ရှိသည်ဟု အရပ်ပြော ပြောဆိုကြသည့် ကျောက်ဂူတွင် ကန်တော့ပွဲများ ပေးကာ တူးဖော်ခဲ့ကြကြောင်း မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဘယ်သူ လာလုပ်မှန်းကို မသိတာ၊ ခွင့်ပြုချက် တောင်းထားတာလည်း မရှိဘူး။ အခုလည်း လုပ်ပြီးမှပဲ သိတာလေ၊ နောက်ဆိုရင်တော့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေက ဒီလိုမျိုး မဖြစ်အောင် အချိန်မီ တားနိုင်မှာပါ”ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ပြောသည်။ 

အမည်မသိ လူတစ်စုက မြေတူးဖော်နေသည်ကို ယုဇနဆီအုန်းခြံ မန်နေဂျာနှင့် လူတစ်စုက လာရောက် အကြောင်းကြားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုခဲ့ကြောင်း မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။ 

“ကျွန်တော်တို့ ရောက်တဲ့အချိန် မြေတူးနေသူတွေတော့ မရှိတော့ဘူး၊ နံပါတ်ပြား မတပ်ထားတဲ့ ကားတစ်စီးနဲ့ မြေတူးထားတဲ့တွင်းရယ် အုန်းပွဲငှက်ပျောပွဲတွေပဲ တွေ့ခဲ့တယ်”ဟု မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။

ယခင်က ၃၂ မိုင် ဆီအုန်းခြံတွင် ရှေးဟောင်းပုတီးစေ့များ တွေ့ချိန်က သုတေသနပြုလုပ်သူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်တောင်းပြီးမှသာ လာရောက်ခဲ့ကြသည်ဟု ဦးဇော်ဝင်းက ပြောသည်။ 

မြေတူးသည့် လူတစ်စုသည် မည်သူ မည်ဝါမှန်း မသိရသည့်အပြင် ၎င်းတို့ နေထိုင်သည့်နေရာကိုလည်း မသိရကြောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။


“ကျွန်တော့်ကို ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်က လာအကူအညီတောင်းတာ အဲနေ့မှာ မတူးဖြစ်ဘူး။ ၁၆ ရက်နေ့မှာ ၁ နာရီလောက် တူးပြီး ဆက်မတူးတော့ဘူး။ ဘက်ဟိုး အကူအညီတောင်းလို့ ကူညီပေးတာ ကျန်တာ ဘာမှမသိဘူး”ဟု မြေတူးစက် ငှားရမ်းသည့် ကုမ္ပဏီပိုင်ရှင် ဦးအောင်နိုင်က ဆိုသည်။

This anonymous group of ground to criticism among local residents is possible to visit its antique seekers, they said.

Dawei Watch

  • TAGS