News

POST SECTION

LATEST NEWS POST

15-Feb-2019
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် မြစ်ဆုံစီမံကိန်း အပြီးပိုင် ဖျက်သိမ်းရေးကို တောင်သာမြို့မှ ဒေသခံအချို့က မြို့သုံးမြို့ကိုဖြတ်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြမှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
15-Feb-2019
ယစ်မျိုးလိုင်စင် အမျိုးအစား ၁၄ ခုကို အခွန်တိုးမြှင့်ကောက်ခံနိုင်ရန် ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၅ ရက်က ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းခဲ့သည်။
15-Feb-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ကောင်းမှုကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခွဲခန့်က ဆိုလာလျှပ်စစ်မီးမှတဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း မိုင်းဖြတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
15-Feb-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့နယ် ဖာပွန်ကျေးရွာအနီး ကျိုင်းတုံ-မိုင်းယန်း လမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီခန့်က ဆိုင်ကယ်နှင့်ခရီးသည်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
15-Feb-2019
ရန်ကုန်လေဆိပ်၌ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးတွင် စွဲချက်တင် စစ်ဆေးနေသူ လေးဦးမှ ကြည်လင်းနှင့် အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် ယနေ့တွင် အပြီးသတ် စီရင်ချက် အမိန့်ချမှတ်လိုက်သည်။
15-Feb-2019
အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် အရှိန်တက်နေသော ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရန် ကြိုးစားသည့်အနေနှင့် နှစ်ရက်ကြာ တရားဝင် ကုန်သွယ်ရေးညှိနှိုင်း ဆွေးနွေးပွဲများကို ကြာသပတေးနေ့က ဘေဂျင်းတွင် စတင်လိုက်ကြသည်ဟု AFP သတင်းတွင်ဖော်ပြထားသည်။
15-Feb-2019
လှိုင်သာယာမြို့နယ်အတွင်းရှိ ဒုစရိုက်မှု ကျူးလွန်တတ်သည့်နေရာများ၌ လုံခြုံရေးကင်မရာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။
15-Feb-2019
အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သော ထိုင်းရွေးကောက်ပွဲကို လာမည့်မတ်လတွင် အမှန်တကယ်ကျင်းပတော့မည်ဟု အာဏာသိမ်းအစိုးရက ကြေညာထားသော်လည်း ချည်ပြီးတုပ်ပြီးရိုက်သည့် လုပ်ပွဲကြီး တစ်ပွဲဟုသာ ယူဆစရာရှိသောကြောင့် ပြီးခဲ့သည့်အပတ် သောကြာနေ့အထိ ပျင်းစရာကောင်းနေခဲ့သည်။ ယခုတော့ တစ်ရက်တာ နိုင်ငံရေးသမားဖြစ် သွားသောအစ်မတော် မင်းသမီး ဥဘောရတနာကြောင့် ပွဲဆူသွားခဲ့ပြီဖြစ်သည်။
14-Feb-2019
တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ ကရင်ဓမ္မရိပ်သာကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီးကို မုဒိမ်းမှုကျူးလွန်မှုဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်က လူဝတ်လဲပြီး ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Feb-2019
ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ သက်မွေးသင်တန်းကျောင်းများတွင် တာဝန်ထမ်းရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ နည်းပြ ၃၀ ဦး ခေါ်ယူနေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
14-Feb-2019
ရန်ကုန်တိုင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဆောက်လုပ်ထားသော တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၁၅၀၀ ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
14-Feb-2019
ဟင်္သာတ အကျဉ်းထောင် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ သက်သေများဖြင့် အကျဉ်းထောင်အတွင်းရှိ အဆောင်များနှင့် အကျဉ်းသားများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အကျဉ်းသားနှစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
14-Feb-2019
မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ မြို့မဈေးအနောက်ဘက် အပြင်ဘက်တန်းရှိ ဆိုင်ခန်းအမှတ် (က/၁၂)၊ အလှကုန်နှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၌ ဖေဖော်ရီ၁၃ရက် ည ၇ နာရီခန့်က မီးလောင်ခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
14-Feb-2019
ဟိုတယ်၊ တည်းခိုခန်းများစည်းကမ်းနှင့် ညီညွတ်မှုရှိ၊ မရှိ၊ သက်ငယ်မုဒိမ်းမှုများ မဖြစ်စေရန်၊ အသက်မပြည့်သူများ လာရောက်တည်းခိုမှုကိုလက်မခံရန် ပုသိမ်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ နံနက်ပိုင်းမှစကာ မြို့နယ်အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့က ဟိုတယ်၊ တည်းခိုခန်းများသို့ရှောင်တခင်ဝင်စစ်ပြီး အသိပညာပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။
14-Feb-2019
သက်ထားဇင်ကုမ္ပဏီက ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ညောင်ဦး၊ ငါးသရောက်စသည့် မြို့နယ်များမှ ရေအခက်အခဲရှိသည့် ကျေးရွာများတွင် စက်ရေတွင်းများတူးဖော်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။