ကရင်နီလူငယ် ၅ ဦး လွိုင်ကော်ထောင်မှ ပြန်လည်လွတ်မြောက် 13-Dec-2019 ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကရင်နီ သစ္စာဖောက်ဟုထုတ်ပြန်ကြေညာမှုကြောင့် ထောင် (၆လ) ချမှတ်ခံခဲ့ရသော ကရင်နီ လူငယ် ၅ ဦး မှာ ယနေ့နံနက်က လွိုင်ကော်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂမှသိရှိရသည်။ MORE
နမ့်တုန်း တံတား တစ်ခြမ်းပြိုကျ 12-Dec-2019 ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းကို ဆက်သွယ်ထားသော လားရှိုး- မိုင်းရယ် -ပင်လုံ - လဲချာ လမ်းပေါ်ရှိ နမ့်တုန်း တံတားမှာ ယနေ့ နံနက် ၁၁ နာရီ ခန့်က တံတားတစ်ခြမ်း ပြိုကျခဲ့ကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှသိရသည်။ MORE
စာသင်ကျောင်းများကို စစ်ဘက်ဆိုင်ရာအသုံးပြုမှုများမှ ကာကွယ်ပေးရေး ယူနီဆက်တောင်းဆို 12-Dec-2019 တိုက်ပွဲများ၊ ပဋိပက္ခဖြစ်ရာနေရာများတွင် ကျောင်းများ၊ တက္ကသိုလ်များကို စစ်ဘက်ဆိုင်ရာ အသုံးပြုမှုများမှ ကာကွယ်ပေးရေး လမ်းညွှန်ချက်များကို မူဝါဒများနှင့် လုပ်ငန်းမူဘောင်များတွင် ထည့်ကျင့်သုံးရန် ယူနီဆက်မြန်မာက အစိုးရကို တောင်းဆိုသည်။ MORE
ICJ ကြားနာမှု တတိယနေ့အဖြစ် ဂမ်ဘီယာနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့များဒုတိယအကြိမ် လျှောက်လဲချက်ပေး 12-Dec-2019 မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် (မူရင်း အသုံး) လူမျိုးဖြုတ်သတ်ဖြတ်မှုများ ပြုလုပ်သည်ဆိုကာ ဂမ်ဘီယာ၏ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ် လျှောက်လဲချက်ပေးခဲ့ကြသည်။ MORE
ညောင်ဦးနှင့် ဆောမြို့တွင် လူအင်အားသောင်းချီပါဝင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ခံပွဲပြုလုပ် 12-Dec-2019 ဘင်္ဂါလီအရေးကိစ္စ တရားစွဲဆိုခံထားရမှုကို နယ်သာလန်နိုင်ငံတွင် တရားရင်ဆိုင်နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက်က ညောင်ဦးမြို့နှင့် ဆောမြို့တွင် လူအင်အားသောင်းချီပါဝင်ကာ ပြုလုပ်ခဲ့ကြသည်။ MORE
လက်နက်ကြီးထိမှန်ပြီးနောက် ပိတ်ထားခဲ့ရသည့်စာသင်ကျောင်း ပြန်ဖွင့် 12-Dec-2019 ပလက်ဝမြို့နယ်၊ ရိက္ခာတိုးချဲ့ရပ် အမှတ် (၂၈၉) တပ်ရင်းနယ်နိမိတ်အတွင်းရှိ အထက်တန်းကျောင်း (ခွဲ) ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ယာယီပိတ်ထားခဲ့ရာမှ ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်ဖွင့်နေပြီဖြစ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ MORE
မကွေးတွင် ပထမဆုံးအကြိမ် ဆိုင်ကယ်စီးဦးထုပ် ၃၀၀ အခမဲ့ပေးဝေ 12-Dec-2019 ဆိုင်ကယ်စီးနင်းသူများ ဘေးကင်းလုံခြုံရေးအတွက် မကွေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဆိုင်ကယ်စီးဦးထုပ်အလုံး ၃၀၀ ကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက အခမဲ့ပေးဝေခဲ့ကြောင်း မကွေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ MORE
ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဌ ပျောက်ဆုံး 12-Dec-2019 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ် ဥက္ကဌဖြစ်သူ ဦးရဲသိန်း နိုင်ငံတော်အတိုင်ပင်ခံထောက်ခံပွဲအတွက် စည်းရုံးရေးဆင်းနေစဉ် ပျောက်ဆုံးသွားကြောင်း NLD ပါတီ ဗဟို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ MORE
အခွန်နှုန်းလျှော့ချပါက အခွန်ရှောင်မှုနည်းမည်ဟု မိုးကုတ်ကျောက်မျက်လုပ်ငန်းရှင်များပြော 12-Dec-2019 မြန်မာ့ကျောက်မျက်ကျောက်စိမ်း တူးဖော်ရောင်းဝယ်ရေးလုပ်ငန်းတွင် အခွန်စနစ်ကို သုတေသနစစ်တမ်းလုပ်စေလိုပြီး အခွန်ကောက်ခံမှုနှုန်းထားများ လျှော့ချပါက အခွန်ရှောင်မှုနည်းနိုင်မည်ဖြစ်ကြောင်း မိုးကုတ်မြို့ ကျောက်မျက်လုပ်ငန်းရှင်အချို့က ပြောကြားသည်။ MORE
ရန်ကုန်မိုးပျံလမ်းစီမံကိန်း တည်ဆောက်ခွင့်ရရှိမည့် ကုမ္ပဏီစာရင်း ၄ လအတွင်း ကြေညာမည် 12-Dec-2019 ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ၂၀၂၀ ဧပြီလနောက်ဆုံးပတ်အတွင်း တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောကြားသည်။ MORE
လက်နက်ကြီးထိမှန်ခံရပြီးနောက် ပလက်ဝ-တောင်ပြို ရေယာဉ်ပြေးဆွဲမှု ရပ်ဆိုင်း 12-Dec-2019 ချင်းပြည်နယ် ပလက်ဝ မြိုမှ တောင်ပြိုကျေးရွာသို့ ကုလာတန်မြစ်ကြောင်း အတိုင်း ပြေဆွဲနေ့သည့် ခရီးသည်တင်ရေယာဉ်တစ်စီး လက်နက်ကြီးထိမှန်ခံရပြီးနောက် ရေယာဉ်များ ပြေးဆွဲမှုများ ရပ်နားထားကြောင်း ပလက်ဝ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းလင်း က ပြောသည်။ MORE
ပုသိမ်တွင် အနွေးထည်လိုအပ်နေသူများကို အနွေးထည်လှူဒါန်း 12-Dec-2019 ပုသိမ်မြို့တွင် ရာသီဥတုအအေးဒဏ်ခံနိုင်ရန်အတွက် “လိုတဲ့သူယူ၊ ပိုတဲ့သူလှူ”အစီအစဉ်ကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်ညက စတင်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)ထံမှ သိရသည်။ MORE
နယူးဇီလန် မီးတောင်ပေါက်ကွဲမှု အနည်းဆုံးလူ ၁၁ ဦး ပျောက်ဆုံးလျက်ရှိ၊ ဆက်လက်ပေါက်ကွဲမည့်အနေအထားကြောင့် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲ 12-Dec-2019 နယူးဇီလန်နိုင်ငံ ဝှိုက်ကျွန်းတွင် ဖြစ်ပေါ်ခဲ့သော မီးတောင်ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူ ကိုးဦးရှိသည်ဟု နယူးဇီလန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ MORE
ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၉၂၀ ကျော် တိုးတက် 12-Dec-2019 ယခုဘဏ္ဍာနှစ်စမှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၉၂၀ ကျော် တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။ MORE
ကန်ကြီးထောင့်အလုပ်သမားသပိတ် အရှိန်မြှင့်၊ လုပ်သားအင်အား ၆၀၀ ကျော်ထိ ပါဝင်လာ 12-Dec-2019 ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမှုန်အထည် ချုပ်စက်ရုံ အလုပ်သမားသပိတ် စတင်ခဲ့သည့်ရက်မှ သုံးရက်အကြာ ဒီဇင်ဘာ ၁၁ ရက်တွင် အရှိန်မြင့်လာပြီး လုပ်သား ၆၀၀ ကျော်အထိ ပါဝင်သပိတ်မှောက်ကြောင်း ယင်းစက်ရုံ လုပ်သားများထံမှ သိရသည်။ MORE
LATEST NEWS 14-Dec-2019 ဒေါပုံတွင် တိုက်ခန်းအတွင်း အမျိုးသမီးတစ်ဦး အသတ်ခံရ 14-Dec-2019 YBS များတွင် YPS ကတ်စနစ် တပ်ဆင်ပြီးပါက မှတ်တိုင်များတွင် ဆိုင်ခန်းဖွင့်၍ ငွေပေးချေ ကတ်ရောင်းမည် 14-Dec-2019 မိတ္ထီလာတွင် ကားငယ်များတီထွင်ထုတ်လုပ်ခဲ့သူက သုံးဘီးဆိုင်ကယ်ပုံစံသစ်တီထွင် 14-Dec-2019 ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်းဝင်းကို ထပ်မံရွေးချယ်တင်မြှောက် 14-Dec-2019 အောင်ရဲထွေး သေဆုံးမှု အပြင်းအထန် နာကျင်စေမှုပုဒ်မ ပြောင်း၍ စွဲချက်တင် 13-Dec-2019 ကရင်နီလူငယ် ၅ ဦး လွိုင်ကော်ထောင်မှ ပြန်လည်လွတ်မြောက်
POPULAR POSTS 01-Dec-2019 ကားဟောင်းဈေးကွက်အေးပြီး ကားသစ်ဝယ်အားမြင့်တက် 01-Dec-2019 သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကျောင်းဆရာမအတွက် တရားမျှတမှုရရှိရေးဆန္ဒပြ 03-Dec-2019 လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုရာမှ ဇနီးမောင်နှံနှစ်ဦး အပြန်အလှန်ဓားဖြင့်ထိုးသတ် 02-Dec-2019 ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးကို သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် လျှောက်ထားမှု ဥပဒေအရာရှိက လက်မခံ 02-Dec-2019 ရွှေမော်ဓောစေတီ လုံးတော်ပြည့်ရွှေသင်္ကန်း ပြန်လည်ကပ်လှူရန် တင်ဒါခေါ်ယူမည် 02-Dec-2019 မန္တလေးတိုင်းတွင် တောဆင်ရိုင်းသေဆုံးမှု ၁၂ ကောင်ရှိ