News

26-Sep-2017
Laptop အဟောင်းတွေကို ပြန်ရောင်းနေကြတာတွေ အတော်များများ တွေ့နိုင်မှာ ဖြစ်ပါတယ်။ Second Hand ဈေးကွက်ကလည်း တကယ့်ကို ကြီးကြီးမားမား ရှိနေပါတယ်။ ဖေ့ဘွတ်ခ်စာမျက်နှာကနေ တစ်ဆင့် ရောင်းချနေတဲ့ Second Hand Laptop အရောင်းဆိုင်တွေမှ အများကြီးကို ရှိပါတယ်။ ဒီလို Laptop အဟောင်းတစ်လုံးကို ဘယ်လိုရွေးချယ် ဝယ်ယူသင့်တယ် ဆိုတာကို ဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်။
25-Sep-2017
ကမ္ဘာကျော် Renault ကား ကုမ္ပဏီကြီးသည် လန်ဒန် အနုပညာတက္ကသိုလ်မှ ကျောင်းသားများ တီထွင်သည့် ကားဒီဇိုင်းပုံစံအတိုင်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြေကြီးနှင့် ရှပ်ပြေးနေမည့် ဘီးမပါသော ကားလုံးများကို တီထွင်ရန် ပြင်ဆင်လျက်ရှိကြောင်း Wired သတင်းတွင် ဖော်ပြထားသည်။
25-Sep-2017
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဉာဏ်ရည်တုဖြင့် လူသားတို့အတိုင်း စွမ်းဆောင်နိုင်သော စက်ရုပ်များ တီထွင်လာကြသည့်နည်းတူ၊ တစ်နေ့တွင် လူသားတို့၏ အလုပ်များကို ဝါးမျိုသွားနိုင်မည်ဖြစ်သဖြင့် ရုရှားနည်းပညာ ကုမ္ပဏီကြီးများကို သတိပေးလိုက်ကြောင်း RT သတင်းတွင် ဖော်ပြထားသည်။
24-Sep-2017
အီဂျစ်နိုင်ငံ အတွင်းရှိ ပိရမစ်ကြီးများသည် ယနေ့တိုင် ပဟေဠိများ ဖြစ်နေသလို၊ ပုန်းကွယ်ပျောက်နေသော ပိရမစ်ပေါင်းများစွာ ရှိလိမ့်ဦးမည်ဟုလည်း ခန့်မှန်းကြသည်။ ခေတ်အဆက်ဆက် ဘုရင်၊ ဘုရင်မများနှင့် တော်ဝင်မျိုးနွယ်ပေါင်းများစွာကို မြှုပ်နှံခဲ့သော ပိရမစ်များတွင် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတွေကလည်း ပူးတွဲရှိနေသဖြင့် အားလုံး စိတ်ဝင်စားနေကြသည်။
24-Sep-2017
ဂါရီ ချမ်ပီယံဆိုသူသည် အသက် ၄၈ နှစ်အရွယ်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ Suffolk County အရပ်တွင် နေထိုင်သည်။ သူသည် သတ္တုများကို ထောက်လှမ်းသည့် (detector) ရှာဖွေရေး ကိရိယာတစ်ခုဖြင့် မြေအောက်တွင် ဖုံးကွယ်ထားသည့် ရတနာများကို ရှာဖွေရခြင်းအား အလွန်ဝါသနာကြီးသူလည်း ဖြစ်သည်။
24-Sep-2017
၂၀၁၆ ခုနှစ်တွင် ဂျယ်ရီဆစ်လေး ဆိုသူကို အင်္ဂလန်နိုင်ငံ၊ ပလိုင်းမောက်အရပ်ရှိ ဟီးဘရူးဝတ်ကျောင်း တစ်ခုတွင် အစောင့်အဖြစ် ငှားရမ်းထားခဲ့သည်။ သူသည် ဘုရားကျောင်းပိုင် မြေနေရာ ဖြစ်သည့် လမ့်ဟေးတောင်ကြောပေါ်ရှိ မြေကွက်လပ်တစ်ခုတွင် သီးနှံများကို စိုက်ပျိုးလေသည်။ သူသည် သီးနှံများကို စိုက်ပျိုးရန် မြေများကို တူးဆွသည့်အခါတွင် ကျောက်ချပ်များကို တွေ့ရသည်။ ကျောက်ချပ်များပေါ်မှ စာများကို မဖတ်တတ်သော်လည်း ၁၈၅၀ ဆိုသည့် သင်္ကေတများကို တွေ့နေရသည်။
22-Sep-2017
သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနသည် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ဒရုန်းယာဉ်များကို နိုင်ငံအတွင်း တင်သွင်းခွင့်၊ မောင်းနှင်ပျံသန်းခွင့်များအား ပိတ်ပင်တားမြစ်လိုက်ကြောင်း The Australian သတင်းတွင် ဖော်ပြထားသည်။
22-Sep-2017
၂၀၁၈ ခုနှစ် ဇန်နဝါရီလက စတင်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ ဆန်မာကို့စ် အခြေစိုက် Westworld ကုမ္ပဏီသည် စကားပြောဆို တုံ့ပြန်နိုင်မည့် လိင်ဖျော်ဖြေရေး စက်ရုပ်များကို ကမ္ဘာ့ပထမဆုံး အနေနှင့် ဈေးကွက်တွင် ဖြန့်ချိသွားရန် ပြင်ဆင်လျက်ရှိကြောင်း The Record သတင်းတွင် ဖော်ပြထားသည်။
20-Sep-2017
ဗီယက်နမ်နိုင်ငံတွင် နျူကလီးယားသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နျူကလီးယားစက်ရုံနှင့် သုတေသနဌာန နှစ်နေရာကို ဒါလတ်နှင့် ဟနွိုင်းတို့တွင် တည်ဆောက်ရန် ဗီယက်နမ် Atomic Research Institute မှ ဒါရိုက်တာ ထရမ်ချီသန်း၏ ပြောကြားချက်ကို Vietnam.Net သတင်းတွင် ဖော်ပြထားသည်။
19-Sep-2017
တရုတ်နိုင်ငံသည် ဓာတ်ခွဲခန်းထုတ် အသားတု လုပ်ငန်းအတွက် အစ္စရေးနိုင်ငံ အဆင့်မြင့် နည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းထုတ်လုပ်ရန် ဒေါ်လာသန်း ၃၀ဝ သဘောတူ လက်မှတ်ရေးထိုးကြကြောင်း The Times of Israel သတင်းတွင် ဖော်ပြထားသည်။
19-Sep-2017
တရုတ်နိုင်ငံသည် ဓာတ်ခွဲခန်းထုတ် အသားတု လုပ်ငန်းအတွက် အစ္စရေးနိုင်ငံ အဆင့်မြင့် နည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းထုတ်လုပ်ရန် ဒေါ်လာသန်း ၃၀ဝ သဘောတူ လက်မှတ်ရေးထိုးကြကြောင်း The Times of Israel သတင်းတွင် ဖော်ပြထားသည်။
19-Sep-2017
“မမှန်အချက်အလက်တွေ၊ တိုင်းပြည်ကို စော်ကားတဲ့ အချက်အလက်တွေနဲ့ Deface လာတင်တာခံရတယ်။ ဒါဟာ ရှက်တတ်တဲ့သူတွေ အနေနဲ့ ရှက်ဖို့ကောင်းတယ်”
18-Sep-2017
စင်ကာပူနိုင်ငံ၊ အောခစ်လမ်းအနီးရှိ Grand Hyatt ဟိုတယ်ကြီးတွင် စွန့်ပစ်အစားအစာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာတစ်သိန်းခန့် ပြန်လည်ကာမိစေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
18-Sep-2017
ဘန်ကောက်မြို့အတွင်း အမြန်ဆုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် မော်တော်ဆိုင်ကယ် တက္ကစီများဖြင့် ပို့ဆောင်ပေးခြင်းကို Uber Moto ဆော့ဖ်ဝဲအား ဖုန်းထဲထည့်ထားခြင်းဖြင့် အလွယ်တကူ ခေါ်ဆိုနိုင်ရန် ပို့ဆောင်ရေး ဝန်ဆောင်မှုများကို လုပ်ဆောင်နေသော Uber ကုမ္ပဏီက စီစဉ်ပေးပြီး လုပ်ငန်းသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
13-Sep-2017
တရုတ်နိုင်ငံ၊ စက်မှုနှင့် အိုင်တီဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ကျင်ကိုပင်းက နိုင်ငံအတွင်း လောင်စာဆီများဖြင့် မောင်းနှင်နေရသော ကားများကို ပိတ်ပင်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန် ကြေညာလိုက်သောကြောင့် နိုင်ငံတွင်း ကားထုတ်လုပ်မှု လုပ်ငန်းတွင် ဂယက်ရိုက်ခတ်သွားခဲ့ရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။