News

23-Oct-2017 tagged as နည်းပညာ တရုတ်
တရုတ်နိုင်ငံသည် လာမည့် ၂၀၂၃ ခုနှစ်တွင် 5G ကွန်ရက်ဆက်သွယ်ရေးစနစ်ကို လူသန်း ၁၀ဝ၀ အသုံးပြုနိုင်ရန်စီစဉ်နေပြီး၊ ၂၀၂၂ တွင် မိုဘိုင်းလ်ဆက်သွယ်ရး စနစ်ဖြစ်သည့် 5G ကို သန်း ၅၀ဝ အထိ တိုးမြှင့်သုံးစွဲနိုင်စေရန် စီစဉ်နေသောကြောင့် မိုဘိုင်းလ်နည်းပညာ တော်လှန်ရေးတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်လာကြောင်း CSS Insights သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်၊ ဖလင့်မြို့တွင် သောက်သုံးရေများထဲ၌ ခဲဆိပ်များ ပါဝင်လာမှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီးနောက် အသက် ၁၁ နှစ်သမီး ကျောင်းသူလေးတစ်ဦးက ရေထဲတွင် ခဲဆိပ်များ ပါဝင်မှု ရှိ၊ မရှိကို အလွယ်တကူ ထောက်လှမ်းနိုင်သည့် ကိရိယာတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။
20-Oct-2017 tagged as
အမြင့် ၇ ပေကျော်သည့် စပါးပင်မျိုးများကို မဟာစပါး အမည်ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်များက အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း China’s People’s Daily Online သတင်းတွင်ဖော်ပြထားသည်။
17-Oct-2017 tagged as
“သယ်ရတာ လွယ်ကူတဲ့အတွက် ကျေးလက်ဆေးပေးခန်းတွေက ဆေးတွေကို မြို့ပေါ်မှာ သွားသိမ်းဖို့ မလိုတော့ဘူး”
16-Oct-2017 tagged as
ဂျပန်နိုင်ငံ မျိုးရိုးဗီဇဆိုင်ရာ ပညာရှင်များသည် ကင်ဆာအပါအဝင် အခြားလူသားတို့အား ဒုက္ခအပေးဆုံး ရောဂါဝေဒနာများ မဖြစ်ပွားစေရန် တိုက်ဖျက်ပေးနိုင်မည့် ဆေးဝါးများ ပါဝင်ပြီးဖြစ်သည့် ကြက်ဥများကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း The Japan News သတင်းတွင် ဖော်ပြထားသည်။
13-Oct-2017 tagged as
အာဆီယံနိုင်ငံများအဖွဲ့က ကျန်းမာရေးဌာနတွင် နည်းပညာနှင့် သတင်း အချက်အလက် လုံခြုံမှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်မှု အကောင်းဆုံး ဆေးရုံများကို ဆုချီးမြှင့်လျက်ရှိရာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်၊ Thu Duc ဆေးရုံကြီးအား ၂၀၁၇ ခုနှစ်အတွက် ASEAN CIO/CSO Awards 2017 ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း Vietnam.net သတင်းတွင် ဖော်ပြထားသည်။
13-Oct-2017 tagged as
အာရပ်စော်ဘွားများနိုင်ငံမှ ဒူဘိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ရာဇဝတ်မှု နှိမ်နင်းရေးအတွက် လေပေါ်ဝဲပျံနိုင်သည့် ဟိုးဗား (Hoverbike) ဆိုင်ကယ်များကို အသုံးပြုသွားရန် စီစဉ်နေပြီး သရုပ်ပြ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း The Mirror သတင်းတွင် ဖော်ပြထားသည်။
11-Oct-2017 tagged as
မီနီဦးနှောက် (mini-brain) ဟုခေါ်သည့် အသေးစား ဦးနှောက်တစ်မျိုးကို ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီဖြစ်ကြောင်း Scientific Reports သတင်းတွင် ဖော်ပြထားသည်။
10-Oct-2017 tagged as
စမတ်ဖုန်းသစ်တွေ အများအပြား ထွက်ရှိလာတဲ့အပြင် ပြည်တွင်း ဈေးကွက်မှာလည်း အလွယ်တကူနဲ့ ရွေးချယ်စရာတွေ အများကြီး ရှိလာပါတယ်။
09-Oct-2017 tagged as Facebook
ယခင်က Facebook ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး Like ဆိုသည့် ခလုတ်နှင့် သူ၏အကျိုးဆက်များကို တီထွင်ခဲ့သူ ဂျပ်စတင် ရိုဆန်စတိန်းဆိုသည့် ဆော့ဖ်ဝဲ အင်ဂျင်နီယာသည် ဆိုရှယ်မီဒီယာမှ Like ဆိုသည့် ခလုတ်သဘောတရားကို မုန်းလွန်းသောကြောင့် Facebook သုံးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။
08-Oct-2017 tagged as
ယခင်က သိပ္ပံရုပ်ရှင်ဇာတ်ကားများထဲတွင် လူသား၏ ကိုယ်ခန္ဓာအတွင်း သွေးကြောကတစ်ဆင့် ခရီးနှင်ခြင်းများကို ရိုက်ပြခဲ့ကြသည်။ ယနေ့ခေတ်တွင် စိတ်ကူးက လက်တွေ့ဖြစ်လာသည်။ သွေးကြောအတွင်း အလွန်သေးငယ်သည့် ကြိုးမျှင်ကင်မရာလေးကိုသွင်းပြီး နှလုံးအထိ အသေးစိတ် လေ့လာကြည့်ရှုနိုင်ရန် ဒေါက်တာလော်ရာ မားကူး ဦးဆောင်သည့် ပညာရှင်အဖွဲ့က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း Scientific Reports ဂျာနယ်တွင် ဖော်ပြထားသည်။
08-Oct-2017 tagged as နည်းပညာ AI
သိပ္ပံဇာတ်ကားများထဲတွင် စိတ်ကူးယဉ်ခဲ့ကြသည့် လူသားဦးနှောက်ကို ကွန်ပျူတာထဲထည့်ကာ ထာဝရ ရှင်သန်နိုင်စေရန် ကြိုးပန်းဆောင်ရွက်မှုသည် မကြာမီ အောင်မြင်တော့မည်ဟု ပါမောက္ခ ဘရိန်းကော့၏ ပြောကြားချက်ကို The Sun Online သတင်းတွင် တွေ့လိုက်ရသည်။
06-Oct-2017 tagged as ဂျပန်
ဂျပန်နိုင်ငံ ဗဟိုဘဏ်သည် ငွေသားကိုင်ဆောင်စရာ မလိုသည့် ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်ငွေများကို လည်ပတ်စီးဆင်းစေမည့် နည်းတစ်ခု ဖြစ်သော J-Coin ဆိုသည့်စနစ်ကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း Technology Review သတင်းတွင် ဖော်ပြထားသည်။