29-Aug-2016
ယခုကဲ့သို့ နည်းပညာသည် လူတိုင်းအတွက် အရေးပါနေချိန်တွင် နည်းပညာ အကျိုးကျေးဇူးများကို ကမ္ဘာနှင့်အဝန်း အသုံးချနေချိန်တွင် ကျွန်တော်တို့ နိုင်ငံတွင် မြန်မာစာစနစ် အဆင်မပြေမှုကြောင့် နည်းပညာ၏ အကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်သေး ဖြစ်နေသည်။ အင်တာနက်တွင် သိချင်သည့် အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေနေရဆဲ။ ယူနီကုတ်စနစ်ဖြင့် ရှာဖွေနိုင်သည် ဆိုသော်လည်း လူအနည်းစုသာ အသုံးပြုသကဲ့သို့ ယူနီကုတ် အသုံးပြု၍ လွှင့်တင်ထားသည့် အကြောင်းအရာလည်း နည်းပါးနေသေးသည့်အတွက် အဆင်မပြေလှချေ။