06-Jan-2017
ဘာသာရေးနှင့် နိုင်ငံရေးကို စိတ်ဝင်စားပုံ မပြခဲ့သည့် ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီး တစ်ခုကို ထူထောင်ခဲ့သူ မာ့ခ် ဇပ်ကာဘတ်က ၂၀၁၇ နှစ်ဦးတွင် ဘာသာရေးနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုများ ဖော်ထုတ်လာသည့်အပြင် အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်းစုံကို လှည့်လည်ပြီး နည်းပညာ ကွာဟမှုများကို ကွင်းဆင်းစစ်ဆေး စည်းရုံးဆောင်ရွက်မည် ဆိုသဖြင့် မကြာမီ အိမ်ဖြူတော်သို့ တက်လှမ်းလာမည့်သူ ဖြစ်လာမည်လားဟု စဉ်းစားစရာ ဖြစ်လာကြောင်း USA Today သတင်းတွင် ရေးသားထားသည်။