News

06-Feb-2017
အမေရိကန်ပြည်ထောင်စု Texas Hold’em ပိုကာဖဲကစားပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်တန်း ပိုကာဖဲ အကျော်အမော် လေးဦးကို Libratus ဆိုသည့် ဉာဏ်ရည်တုစနစ် (AI) နှင့် တည်ဆောက်ထားသော ကွန်ပျူတာက အနိုင်ရ ဗိုလ်စွဲသွားကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။
03-Feb-2017
ကမ္ဘာကျော် Microsoft ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ ဆော့ဖ်ဝဲသူဌေးကြီး ဘီလ်ဂိတ်စ်သည် လာမည့် ၂၅ နှစ်အတွင်း ကမ္ဘာ့ပထမဆုံး ထရီလီယံ (တစ်ဂဏန်းနောက်တွင် သုည ၁၂ လုံး) ကြွယ်ဝသည့် သူဌေးကြီး ဖြစ်လာနိုင်ကြောင်း Forbes သတင်းတွင် ဖော်ပြထားသည်။
03-Feb-2017
တစ်ကိုယ်လုံး လှုပ်ရှားခြင်း မပြုနိုင်လောက်သည့် ဝေဒနာကို ခံစားနေရပြီး မျက်လုံးများသာ လှုပ်ရှားနိုင်သူ မိန်းကလေးတစ်ဦးသည် သူမကို လက်ထပ်ရန် တောင်းဆိုလာသည့် ရည်းစားဖြစ်သူကို စိတ်ဖတ်စက်က တစ်ဆင့် ငြင်းပယ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
01-Feb-2017
သက်ရှိ ပုစဉ်းတစ်ကောင်ကို စက်ပစ္စည်းများ တပ်ဆင်ကာ စိတ်ကိုထိန်းချုပ်ပြီး လူသား၏ စေခိုင်းချက်အတိုင်း လုပ်ဆောင်နိုင်စေရန် ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြောင်း Spectrum IEEE သတင်းတွင် ဖော်ပြထားသည်။
01-Feb-2017
စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများထဲ၌ တက္ကစီကားပျံများဖြင့် သယ်ယူပို့ဆောင်သည့် စနစ်များကို ခေတ်မီသည့် နိုင်ငံများတွင် လမ်းပိတ်ဆို့သည့်ဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး စဉ်းစားခဲ့ကြရာ ကမ္ဘာပေါ်တွင် မိုးပျံကားများအတွက် အပြိုင်အဆိုင် လုပ်ဆောင်နေသော ကုမ္ပဏီပေါင်း တစ်ဒါဇင်နီးပါး ရှိလာပြီ ဖြစ်ကြောင်း Japan Times သတင်းတွင် ဖော်ပြထားသည်။
30-Jan-2017
သိပ္ပံပညာရှင်များသည် လူသားနှင့် ဝက်မျိုးဗီဇများကို ပေါင်းစပ်ပြီးနောက် သန္ဓေသားလောင်း တစ်ခုကို ကမ္ဘာပေါ်တွင် ပထမဆုံး အောင်မြင်စွာ စမ်းသပ်ဖန်တီး ဖော်ထုတ်နိုင်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
27-Jan-2017
စပိန်နိုင်ငံ၊ မက်ဒရစ်တက္ကသိုလ်မှ ပညာရှင်များသည် အရေပြား အစားထိုးရန် လိုအပ်သူများအတွက် ကွန်ပျူတာ ပရင်တာကို ဇီဝအရေပြား ထုတ်နိုင်သည့် အသွင်ပြောင်းပြီး အရေပြားတု တစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း Biofabrication ဂျာနယ်တွင် ဖော်ပြထားသည်။
27-Jan-2017
လူသားများသည် အသက်သေသွားပြီဟု ဆုံးဖြတ်ချက် ချလိုက်သော်လည်း အတွင်းထဲရှိ ဆဲလ်များက ဆက်လက်ရှင်သန်နေပြီး အချင်းချင်း တုံ့ပြန်ပြုပြင်မှုများ ရှိနေဆဲဖြစ်ကြောင်း Royal Society အဖွဲ့က ထုတ်ဝေသည့် Open Biology သတင်းတွင် သုတေသီများက ထုတ်ဖော်တင်ပြထားသည်။
26-Jan-2017
Dell ကုမ္ပဏီသည် ပညာရေးလောကအတွက် အထူး အစီအစဉ်တစ်ရပ် အနေနှင့် Windows သို့မဟုတ် Chrome ကွန်ပျူတာ လုပ်ဆောင်ရေးစနစ် OS (operating system) ကြိုက်ရာ အသုံးပြုနိုင်မည့် လက်ပ်တော့ အသစ်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ကြောင်း Cnet သတင်းတွင် ဖော်ပြထားသည်။
25-Jan-2017
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ယာဉ်လမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် လေထု ညစ်ညမ်းခြင်း ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်သော မောင်းသူမဲ့ လွန်းပြန်ဘတ်စ်ကား နှစ်စီးကို စတင် စမ်းသပ် အသုံးပြုခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
25-Jan-2017
အမေရိကန်ပြည်ထောင်စု၏ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံထားရသူ ဒေါ်နယ်ထရမ့်သည် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုမီ အချိန်တွင် သူအမြဲကိုင်ဆောင် အသုံးပြုလာခဲ့သော Android ဖုန်းကို လုံခြုံရေးအရ စွန့်လွှတ်ခဲ့ရကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
24-Jan-2017
ပြည်တွင်းဈေးကွက်ကို စမတ်ဖုန်း အမှတ်တံဆိပ်သစ်တွေ၊ မော်ဒယ်လ်သစ်တွေက အများကြီး ဝင်ရောက်လာပါတယ်။ ၂၀၁၇ နှစ်ဆန်းပိုင်းမှာပဲ အသစ် ထွက်ရှိလာတဲ့ စမတ်ဖုန်း မော်ဒယ်လ်သစ်တွေ အများအပြား ရှိပါတယ်။
23-Jan-2017
တိုင်းရင်းဆေးဆရာများ၏ အညွှန်းကြောင့် ဆင်အရေပြားများဖြင့် ကုထုံးသည် ခေတ်စားလာသဖြင့် မြန်မာ့ဆင်များ မျိုးသုဉ်းတော့မည့်အရေးကို စိုးရိမ်နေရကြောင်း AFP သတင်း တွင် ဖော်ပြထားသည်။