News

23-Dec-2016 tagged as နည်းပညာ
ဂျပန်နိုင်ငံ၊ Kyocera Corporation ကုမ္ပဏီသည် လူသားတို့၏ သွေးကြောအတွင်း ထည့်သွင်းထားနိုင်သည့် အလွန်သေးငယ်သော အာရုံခံ ဆင်ဆာစနစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း Med Gadget သတင်းတွင် ဖော်ပြထားသည်။
လူသားနှင့် စက်ရုပ်များ လက်ထပ်ခြင်းကို လာမည့် ၃၅ နှစ် အတွင်း လုပ်ဆောင်လာကြဖွယ် ရှိကြောင်း လန်ဒန်မှ စက်ရုပ်ကျွမ်းကျင်ပညာရှင် ဒေါက်တာဒေးဗစ်လဲဗီက Love and Sex with Robots ဆိုသည့် ညီလာခံတွင် ထုတ်ဖော်ပြောကြားချက်ကို AP သတင်းတွင် ဖော်ပြထားသည်။
19-Dec-2016 tagged as နည်းပညာ
လက်ရှိ အနေအထားတွင် ဂိမ်းများကို ကွန်ဆိုးဟု ခေါ်သည့် ပစ္စည်းများဖြင့် ထိန်းချုပ်ဆော့ကစား နေကြရသည့် အဖြစ်မှ အနာဂတ်တွင် ဦးနှောက်ဖြင့် ထိန်းချုပ်ကာ စိတ်ဖြင့် စေခိုင်းနိုင်မည့် ရှေ့ပြေးကစားစရာပစ္စည်း တစ်မျိုးကို Warwick University မှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင် အထီးကျန်နေသူများအတွက် စိတ်ဖြေဖျောက်မှုကို ဖြည့်ဆည်းပေးနိုင်မည့် သုံးဖက်မြင် ရုပ်ကြွဟိုလိုဂရမ်စနစ် လေဆာရောင်ခြည်ဖြင့် ဇနီးမယားအသွင် ပုံဖော်ပေးကာ စိတ်ချမ်းသာဖွယ် ဆက်ဆံပေးနိုင်သော စက်များအား ရောင်းချတော့မည် ဖြစ်ကြောင်း Stuff မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
16-Dec-2016 tagged as နည်းပညာ
Daily Income Expense Manager မိုဘိုင်းလ် App ကို အသုံးပြုပြီး ဘာတွေလုပ်လို့ရမလဲ။ နေ့စဉ် ထွက်ငွေနဲ့ ဝင်ငွေကို စိစစ်မှတ်သားထားလို့ရမယ့်အပြင် ဒီစာရင်းတွေကို လေ့လာသုံးသပ်ပြီး ဝင်ငွေ ထွက်ငွေကို ချိန်ညှိပြီး ကိုယ့်ရဲ့အသုံးစာရိတ်ကို စိစစ်နိုင်ပါလိမ့်မယ်။ ဘယ်လိုလုပ်ဆောင်ချက်တွေနဲ့ စိစစ်မှတ်သားနိုင်မယ်ဆိုတာ လေ့လာကြည့်ရအောင်။
16-Dec-2016 tagged as တရုတ် ဂျာမနီ
တရုတ်နိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ် ခုနှစ်အတွင်း နည်းပညာဖြင့် တိုင်းပြည် ကုန်ထုတ်လုပ်မှုများကို အစွမ်းကုန် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သောကြောင့် တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီနိုင်ငံတို့သည် အများဆုံး ထိခိုက်နိုင်သည့် နိုင်ငံများ ဖြစ်သွားနိုင်ကြောင်း ဂျာမနီနိုင်ငံ think-tank အဖွဲ့၏ သတိပေးမှုကို Financial Review သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံရသည့် ဒေါ်နယ်ထရမ့်နှင့် နည်းပညာလောကမှ နာမည်ကျော် လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲသည် ထရမ့်က သူနားမလည်သေးသည့် လုပ်ငန်းတွင် နားလည်အောင် နာယူရမည့်အစား သူ့ကိုယ်သူ စန်းတင်ကာ သိက္ခာတင်ပြီး အကူအညီပေးရန် ရောက်လာသလို ပြောကြားခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။
09-Dec-2016 tagged as
မြန်မာ့ပယင်းတစ်ခု အတွင်းကနေ ဒိုင်နိုဆောအမြီးမှ အမွှေးတစ်ခုကို တွေ့ရှိခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆၀ ခန့်က ကမ္ဘာပေါ်မှာ ကြီးစိုးခဲ့ပြီး မျိုးသုန်းပျောက်ကွယ်သွားခဲ့တဲ့ သတ္တဝါတွေနဲ့ ပတ်သက်လို့ လေ့လာရာမှာ အရေးပါတဲ့ တွေ့ရှိမှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။
09-Dec-2016 tagged as ရောဂါ
အယ်ဇိုင်းမားဟု ခေါ်သည့် မှတ်ဉာဏ်ချွတ်ယွင်းပြီး ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်သည့် ရောဂါဝေဒနာကို ကင်းဘရစ်ခ်ျ တက္ကသိုလ်၊ MIT သုတေသနဌာနမှ သိပ္ပံပညာရှင်အဖွဲ့က LED မီးရောင်ခြည်ကို အသုံးပြုပြီး ပြန်လည်ကောင်းမွန်စေရန် ကုစားနိုင်ခဲ့ကြောင်း Bostom Globe သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ အကြိုကာလများတွင် နည်းပညာရပ်ဝန်းမှ ပညာရှင်များသည် ဒေါ်နယ်ထရမ့်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ကြပြီးနောက် မပြေမလည် ဖြစ်နေခဲ့ကြရာက လာမည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် နည်းပညာလောက၏ ဦးဆောင်နေသူများနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရန် ဆင့်ခေါ်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
06-Dec-2016 tagged as ဒေါ်နယ်ထရမ့်
အမေရိကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်သည် ဆိုရှယ် မီဒီယာစသည့် လူအများ အသုံးပြုနေသော ဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင် ကဲ့ရဲ့ လှောင်ပြောင်စရာ ဖြစ်နေခဲ့သော်လည်း ယင်းအချက်ကို အခွင့်ကောင်း ယူကာ ဒေတာများကို တန်ပြန် ပို့လွှတ်ပြီး လူသိများအောင် မိမိကိုယ်မိမိ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သမ္မတရွေးကောက်ပွဲတွင် အနိုင် ရခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
05-Dec-2016 tagged as နည်းပညာ
ဟားဗတ်၊ ဝိုက်စ်အင်စတီကျူမှ ဇီဝဗေဒ အင်ဂျင်နီယာဌာန ပညာရှင်များသည် အသားနှင့် ပင်လယ်မှ အခွံမာ အကောင်ငယ်များကို အမှုန့်ပြုလုပ်ထားသည့် ပစ္စည်းများ ရောစပ်ပြီး ကော်တစ်မျိုး တီထွင်နိုင်ခဲ့ရာ၊ ယင်းကော်သည် လူတို့၏ ဒဏ်ရာရပြီး ပျက်စီးကွဲရှသွားသည့် အသားများကို ချက်ချင်းပြန်ဆက်ကာ သက်သာစေနိုင်ခဲ့ကြောင်း New Atlas သတင်းတွင် ဖော်ပြထားသည်။
05-Dec-2016 tagged as နည်းပညာ
ပလတ်စတာ ကပ်ခွာကဲ့သို့သော သေးငယ်သည့် ဆင်ဆာတစ်မျိုးကို လူသား၏ နှလုံးခုံသံနှင့် အသံများအား စောင့်ကြည့်အာရုံခံနိုင်စေရန် တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
02-Dec-2016 tagged as
ကမ္ဘာတစ်ဝန်းလုံးတွင် ဒရုန်းယာဉ်များဖြင့် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကို စိုးရိမ်နေရသည့် အချိန်တွင် ဒရုန်းယာဉ်ပစ် သေနတ်များကို ဗာဂျီးနီးယားနှင့် ဆစ်ဒနီအခြေစိုက် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်နေသော နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည့် DroneShield သည် သေမင်းရောင်ခြည် ဒရုန်းသေနတ်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း Mail Online သတင်းတွင် ဖော်ပြထားသည်။