News

POST TYPE

IT

ဘာသာမဲ့များနှင့် မွတ်ဆလင် အုပ်စုဟောင်းများကို Facebook မှ ဖယ်ရှား
15-May-2017 tagged as နည်းပညာ

ကမ္ဘာကျော် ဆိုရှယ်ကွန်ရက် Facebook သည် မိမိတို့ ကွန်ရက်ပေါ်မှ ဘာသာမဲ့များနှင့် မွတ်ဆလင်အုပ်စုဝင်ဟောင်းများကို အစွန်းရောက် အယူသီးသူများဟု သတ်မှတ်ပြီး ယင်းတို့၏ Account များအား ပိတ်ပစ်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

Facebook ပေါ်တွင် Atheist Republic သည်  Follower ပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိပြီး မြောက်အမေရိကတိုက်မှ မွတ်ဆလင်အုပ်စုတစ်ခု ဖြစ်သည့် Ex-Muslims စာမျက်နှာမှာလည်း Like လုပ်သူပေါင်း ၂၅၀၀၀ နီးပါး ရှိလာသောကြောင့် ယာယီပိတ်ထားလိုက်ကြောင်း ယင်းသတင်းက ဆိုသည်။ 

Facebook သည် အခြားအဖွဲ့များဖြစ်သည့် A Science Enthusiast, the Arab Atheist Network, Radical Atheists without Borders ဆိုသည့် အုပ်စုနှင့် စာမျက်နှာများကိုလည်း စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားသည်။