POST TYPE

IT

လာမည့် ၁၀ နှစ်အတွင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို 3D ပရင်တာဖြင့် ထုတ်နိုင်မည်
12-May-2017 tagged as နည်းပညာ

3D ဘိုင်အိုပရင်တာများကို တီထွင်မှုများ ခေတ်စားလာသဖြင့် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ကြေးရှိမည့် လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ပုံစံတူ ထုတ်လုပ်ပေးနိုင်သော ပရင်တာကြီးများကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်မည်ဟု International Business Times တွင် ဖော်ပြထားသည်။

3D ပရင်တာကြီးများကို အထူးပြု ထုတ်လုပ်နေသော IDTechEx ကုမ္ပဏီမှ တာဝန်ရှိသူများက ဇီဝပရင်တာ လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်သောကြောင့် လူသားတို့၏ ဆဲလ်များကိုထုတ်ပြီး ပရင်တာဖြင့် ခန္ဓာကိုယ်က လက်ခံနိုင်သော အစိတ်အပိုင်းများ ဖြစ်အောင် ထုတ်နိုင်တော့မည်ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် လူသားတို့၏ အရေပြား၊ သွေးကြောနှင့် နားရွက်အတုများကို အောင်မြင်စွာ ထုတ်လုပ်တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။