News

POST TYPE

IT

Pokemon Go ဂိမ်းကို ဘယ်လိုကစားမလဲ
16-Aug-2016
ပိုကီမွန်ကို ပြည်တွင်းမှာ သိတဲ့သူ အရေအတွက်က အများကြီးရှိတယ် ဆိုပေမယ့် အခုဆော့နေတဲ့သူတွေလောက်တော့ မများပါဘူး။ ဆော့နေသူတော် တော်များများက ပိုကီဘောနဲ့ အကောင်လေးတွေ ဖမ်းနေရတာကို နှစ်သက်နေကြတာမျိုးလည်း ရာခိုင်နှုန်းများများ ရှိပါတယ်။ ဒီတော့ဂိမ်းကို အကောင်လေးတွေ ဖမ်းနေရတာလောက်ပဲ သိသေးတဲ့သူတွေအတွက် သိထားဖို့လိုတဲ့ အချက်တချို့ကို မျှဝေပေးလိုက်ပါတယ်။ ကျွမ်းကျင်သူတွေ အတွက်တော့ ဒါဟာ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။

အမျိုးအစား

အကောင်လေးတွေမှာ အမျိုးအစားလေးတွေ ရှိပါတယ်။ ဒါလေးကို သိထားရင် Gym တွေကို တိုက်တဲ့အခါ အထောက်အကူပေးမှာပါ။ အမျိုးအစားတွေက Fire, Water, Grass, Electric, Normal, Ground, Rock, Fighting, Ice, Poison, Psychic, Bug, Flying, Dragon, Fairy, Ghost, Dark တို့ ဖြစ်ပါတယ်။ 

Fire က နိုင်တဲ့အကောင်တွေက Steel, Bug, Ice, Grass တို့ ဖြစ်ပါတယ်။ 
Water တွေကတော့ Fire, Ground, Rock တို့ကို နိုင်ပါတယ်။
Grass တွေက Water, Ground, Rock တို့ကို နိုင်ပါတယ်။ 
Electric တွေက Water, Flying တို့ကို နိုင်ပါတယ်။
Ground တွေက Fire, Electric, Poison, Rock, Steel တို့ကို နိုင်ပါတယ်။
Rock ကတော့ Bug, Flying, Ice, Fire တို့ကို နိုင်ပါတယ်။
Fighting တွေက Normal, Ice, Rock, Steel, Dark တို့ကို တိုက်ခိုက်နိုင်ပါတယ်။
Ice တွေက Grass, Ground, Dragon, Flying တို့ကို နိုင်ပါတယ်။
Poison တွေကတော့ Grass နဲ့ Fairy တို့ကို နိုင်ပါတယ်။
Psychic ကတော့ Fighting နဲ့ Poison တို့ကို နိုင်ပါတယ်။
Bug က Grass, Psychic နဲ့ Dark ကို နိုင်ပါတယ်။
Flying တွေကတော့ Grass, Fighting နဲ့ Bug ကို နိုင်ပါတယ်။
Dragon တွေကတော့ Dragon တွေကို နိုင်ပါတယ်။
Fairy က Fighting , Dragon နဲ့ Darkတွေကို အနိုင်ယူနိုင်ပါတယ်။
Ghost တွေက Psychic နဲ့ Ghost တွေကို နိုင်ပါတယ်။
Dark ကတော့ Psychic နဲ့ Ghost ကို နိုင်ပါတယ်။ 
ဒါလေးတွေ သိထားရင် Gym ဝင်လို့ ရပြီပေါ့။

အဆင့်မြန်မြန်တက်အောင် ဘယ်လိုလုပ်မလဲ

Lucky Egg တွေက ကိုယ့်ရဲ့ XP ကို နှစ်ဆတက်စေပါတယ်။ ဒီတော့ Lucky Egg ကို ဒီအတိုင်း ကိုယ်တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ မဖွင့်ပါနဲ့။ Lure Module ဖွင့်ထားတဲ့နေရာမှာ အကောင်ဖမ်းနေတဲ့အချိန် ဖွင့်ပါ။ အဲ့ဒီအချိန်မှာပဲ Incense ကို တစ်ပြိုင်တည်း အသုံးပြုပါ။ Module ဖွင့်ထားတဲ့အတွက် အကောင်များများ မိပါတယ်။ အဲ့ဒီအပြင် ကိုယ်က Incense ဖွင့်ထားတဲ့အတွက် သူများထက် ပိုမိနေပါတယ်။ တစ်ကောင်မိတိုင်း တက်လာတဲ့ XP က Lucky Egg ကြောင့် နှစ်ဆရပါတယ်။ ဒါဆိုရင် ဒီအတိုင်းဆော့တဲ့သူ ထက်တော့ ကိုယ်က အဆင့်မြန်မြန် တက်ပြီပေါ့။

Evolve လုပ်ရင်

Level နိမ့်နေသေးတဲ့ အချိန်မှာ တတ်နိုင်သလောက် Evolve မလုပ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်က Level မြင့်လာတဲ့အချိန်မှာ Evolve လုပ်စရာမလိုဘဲ အဲ့ဒီအကောင်တွေကို ဖမ်းမိနိုင်ပါတယ်။ အကောင်တူတွေ မိတာများလာရင် CP များတဲ့ အကောင်ကို ချန်ထားပြီး ကျန်တဲ့အကောင်တွေကို ပြန်ပြီး Transfer လုပ်ချင် လုပ်ထားပေါ့။ အဲ့ဒီအတွက် Candy ရပါတယ်။ Evolve လုပ်တဲ့အခါ Candy ကို သုံးရမှာပါ။ ဒီနေရာမှာလည်း Evolve လုပ်ရင် XP တိုးပါတယ်။ Lucky Egg ဖွင့်ထားချိန်ဆို နှစ်ဆရမှာပါ။

Gym တိုက်ရင်

Gym မှာ ကိုယ်နဲ့အသင်းတူတွေက သိမ်းထားရင် အရောင်တူဖြစ်မှာပေါ့။ အလွယ်ပြောရရင် အရောင်တူနေတဲ့ Gym ကို တိုက်မယ်ဆိုရင် Gym က Level တက်ပါတယ်။ တစ်ကောင်တည်းနဲ့ တိုက်ရမှာပါ။ အရောင်မတူတဲ့အသင်းက ထိုင်ထားတဲ့ Gym ကို တိုက်ရင်တော့ ကိုယ့်ဘက်က ၆ ကောင်နဲ့ တိုက်ရမှာပါ။ 

ကိုယ့်အသင်းကတိုက်လို့ Gym ကို ရပြီဆိုရင် အရောင်တူတဲ့အသင်းက သူတွေ Gym မှာ ထိုင်လို့ရပါတယ်။ တစ်ခုပြောချင်ပါတယ်။ CP လေး နည်းနည်းလေးနဲ့ အကောင်တွေကို လိုက်မထည့်စေချင်ဘူး။ ဒါဟာ တစ်ဖက်အသင်းကသူတွေ လာပြန်တိုက်ဖို့ လွယ်ကူစေပါတယ်။ မနှောင့်ယှက်ပါနဲ့။

ဒီလောက်ဆိုရင် အကောင်ဖမ်းတာအပြင် ဒီဂိမ်းရဲ့ အချက်အလက်တွေကို သိသွားတဲ့အတွက် ဂိမ်းက  ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာမှာပါ။ မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ဖော်ပြပေးတာဖြစ်တဲ့ အတွက် ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။