News

POST TYPE

IT

စိတ်ကူးကို စာသားအဖြစ် ပြောင်းလဲပေးနိုင်မည့် စိတ်ဖတ်စက် ပေါ်ထွက်မည်
21-Apr-2017 tagged as နည်းပညာ

လူတို့၏ အတွေးလှိုင်းများကို ဖမ်းယူပြီး စိတ်ကူးကို စာသားအဖြစ် ဖုန်းများပေါ်တွင် ပြောင်းလဲပေးနိုင်မည့် စနစ်တစ်မျိုးသည် လာမည့် ငါးနှစ်အတွင်း ပေါ်ထွက်လာနိုင်ကြောင်း ဂျပန်နိုင်ငံ Toyohashi တက္ကသိုလ်မှ ပညာရှင်များ၏ ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။

ယင်းတက္ကသိုလ်မှ ပညာရှင်များသည် EEG ဦးနှောက်စကင်ဖတ်စက် တစ်မျိုးကို တီထွင်ထားပြီး စိတ်ကူးဖြင့် ဂျပန်စာလုံး ၁၈ လုံးကို ဦးနှောက်က တွေးလိုက်သည့်အတိုင်း သရုပ်ဖော်ပေးနိုင်စေရန် တီထွင်နိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ပညာရှင်များသည် ဦးခေါင်းပေါ်ဆောင်းထားသည့် လျှပ်ငုတ်ဦးထုပ်တစ်မျိုး အကူအညီဖြင့် စိတ်ကူးက ထုတ်လွှင့်လိုက်သော လှိုင်းများကို စမတ်ဖုန်းဆော့ဖ်ဝဲက လက်ခံပြီး စာလုံးအဖြစ် ပုံဖော်ပေးနိုင်မှုအား ၆၀ ရာခိုင်နှုန်းအထိ မှန်ကန်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။