News

POST TYPE

IT

Facebook က စိတ်တွေးရေးစနစ် ထုတ်ပြန်
21-Apr-2017 tagged as Facebook

ဝါရှင်တန်၊ ဧပြီ ၂၀

ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီးတစ်ခု ဖြစ်သည့် Facebook သည် လျှို့ဝှက်စွာ လုပ်ကိုင်နေသော ပရောဂျက်တစ်ခုဖြစ်သည့် လူအချင်းချင်း စိတ်ဖြင့်ဆက်သွယ်နိုင်မည့် အတွေးစိတ်ကူးနည်းလမ်း၊ လူတစ်ဦး၏ အတွေးကို အရေပြားကတစ်ဆင့် ထိုးဖောက်ကြားသိနိုင်မည့် စနစ်တစ်ခုကို Facebook ၏ အွန်လိုင်းစာမျက်နှာမှ တိုက်ရိုက်ထုတ်ပြန်ချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။

Facebook ကတစ်ဆင့် စာရိုက်ပြီး ဆက်သွယ်နိုင်ခြင်းထက် တစ်မိနစ်လျှင် စာလုံး ၁၀၀ ခန့်ဖြင့် စိတ်ကူးနှင့် ဆက်သွယ်နိုင်မည့် နည်းပညာသစ် ဖြစ်ကြောင်း အဆောင် ၈ လျှို့ဝှက်ဌာန အကြီးအကဲ ရီဂျင်နာ ဒူဂျန်က ပြောကြားခဲ့သည်။

Facebook က တိုက်ရိုက်ထုတ်လွှင့်သည့် ယင်းရှင်းလင်းပွဲတွင် ဒူဂျန်က ဦးနှောက်ဖြင့် စိတ်ကူးလိုက်သည်နှင့် အလိုအလျောက် စာရိုက်ပေးမည့် တွေးရေးစနစ်တစ်ခု ဖြစ်ကြောင်း၊ မဖြစ်နိုင်ဟု ထင်ရသော်သော်လည်း မကြာသောကာလတွင် သင့်ထံကို ရောက်လာတော့မည်ဟု ဆိုသည်။

ယင်းစနစ်ကို Facebook က “Silent Typing” စနစ်ဟု အမည်ပေးထားပြီး ဖုန်းများဖြင့်လည်း စိတ်ကူးကို လက်တွေ့စာရိုက်ပေးနိုင်မည့်စနစ် ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

မကြာမီထုတ်လွှင့်မည့် စိတ်တွေးရေးစနစ်သည် အဝေးတစ်နေရာတွင် ရှိနေသူများကို မိမိအနီးတွင်လာပြီး စကားပြောနေသကဲ့သို့ ဖုန်းကတစ်ဆင့် ခံစားနိုင်မည့်နည်း ဖြစ်ကြောင်း၊ စာရိုက်ရန် အခက်အခဲရှိနေသူများ အနေနှင့် အစည်းအဝေးခန်းထဲကလည်း မထွက်၊ ပါတီတက် မပျက်ဘဲ ဖုန်းထဲကို စိတ်ကူးလွှတ်လိုက်ရုံဖြင့် မိမိအတွေးထဲက စာများသည် အီးမေးလ်ပို့လိုက်သလို တစ်ဖက်လူ ဖုန်းထဲသို့ အလိုအလျောက် ရောက်သွားနိုင်မည့်စနစ် ဖြစ်ကြောင်း ဒူဂျန်က ဆိုသည်။

Facebook ဖြင့် လူတို့သည် ပုံများကို Share လုပ်ခြင်း၊ အတွေးများကို စာရိုက်ပြီး Share လုပ်ခြင်းများ ပြုလုပ်နေသကဲ့သို့ Silent Typing စနစ်က စာရိုက်စရာမလိုဘဲ အတွေးကို တိုက်ရိုက်စာအဖြစ် ပေါ်လာစေနိုင်သည့်စနစ်အဖြစ် မကြာမီ ပေါ်ထွက်လာတော့မည် ဖြစ်သည်။ 

Facebook မှ ဒူဂျန် ဦးဆောင်သည့် အဖွဲ့ဝင် ၆၀ ပါ စိတ်တွေးရေး တီထွင်သူများသည် လွန်ခဲ့သည့် ၆ လခန့်ကတည်းက ဤစနစ်ကို အကောင်အထည်ဖော်နေကြခြင်းဖြစ်ပြီး ဦးနှောက်က အတွေးကို လက်တွေ့အားဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၁၀၀ ရိုက်နိုင်သည်အထိ စွမ်းဆောင်ပြနိုင်ခဲ့ကြသည်။ 

စိတ်ဖတ်ရေးစနစ်မှာ ယခုအခါ စမ်းသပ်ပြသည့် အဆင့်သာရှိပြီး အသုံးပြုနိုင်ဦးမည် မဟုတ်ဘဲ မကြာမည် အကောင်အထည် ပေါ်လာမည်ဟု Facebook က ထုတ်ပြန်ထားသည်။