News

POST TYPE

IT

ဦးနှောက်ထဲတွင် ကွန်ပျူတာပစ္စည်း အစားထိုးခြင်းဖြင့် တစ်ကိုယ်လုံး သေနေသူ ပြန်လည်လှုပ်ရှား
31-Mar-2017

တစ်ကိုယ်လုံး အကြောများသေကာ မလှုပ်ရှားနိုင်သူတစ်ဦးကို ဦးနှောက်အတွင်း အက်စ်ပရင် ဆေးပြားအရွယ် ကွန်ပျူတာ ဆင်ဆာနှစ်ခုကို အစားထိုး ထည့်သွင်းပေးပြီးနောက် ရှစ်နှစ်ကြာ အကြောသေနေသည့်လက်ကို ပြန်လည်လှုပ်ရှားနိုင်စေခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အသက် ၅၆ နှစ်အရွယ် ဘီလ် ကိုချီဗာဆိုသူသည် ဦးနှောက်အတွင်း ထည့်သွင်းထားသည့် ဆင်ဆာစနစ်၊ ကွန်ပျူတာနှင့် ဆက်ထားသော အီလက်ထရုတ်လျှပ်ငုတ်ပေါင်း ၉၆ ခုတို့၏ နှိုးဆွလှုံ့ဆော်မှုကြောင့် ဦးနှောက်က ခိုင်းစေသည့်အတိုင်း ညာလက်ကို လှုပ်ရှားစေရန် ပြုလုပ်နိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ဦးနှောက်က ခိုင်းစေသည့်အတိုင်း လက်က လိုက်ပါလှုပ်ရှားနိုင်ရန်အတွက် ကိုချီဗာသည် ၄၅ ပတ်တိုင် လေ့ကျင့်ရေးစခန်းအတွင်း စိတ်နှင့် ပစ္စည်းများ ဆက်သွယ်ခိုင်းစေနိုင်မှုကို လေ့ကျင့်ခဲ့ရပြီး၊ စမ်းသပ်ကုန်ကျစရိတ်များကို BrainGate အဖွဲ့က စစ်မှုထမ်းဟောင်းများအတွက် ထောက်ပံ့ပေးခဲ့သည်။