News

POST TYPE

IT

လေးညှင်းဆီနှင့်ငွေက အစားအစာများကို ကြာရှည်ခံစေရန် ပြုလုပ်ပေး
17-Mar-2017 tagged as ကျန်းမာရေး

ဗေးနီးရပ်စ်၊ မတ် ၁၆

ရေနံအခြေပြု ထုတ်လုပ်ထားသည့် ပလတ်စတစ်များဖြင့် အစားအစာများ ထုပ်ပိုးပြီး စွန့်ပစ်ကြသည့်အခါတွင် ထိုအိတ်များသည် နှစ်ပေါင်းများစွာ မပျက်စီးနိုင်သောကြောင့် အကြိမ်ကြိမ် ပြန်သုံးနိုင်သည့် ထုပ်ပိုးအစများကို တီထွင်ခဲ့ရာက လေးညှင်းဆီနှင့် ငွေကိုရောစပ်ပြီး ဖန်တီးထားသည့် အစများသည် အစားအစာများကို ကြာရှည် ခံနိုင်စေရန် ထုပ်ပိုးထားနိုင်သည်ကို တွေ့ရှိရကြောင်း New Atlas သတင်းတွင် ဖော်ပြထားသည်။

လစ်သူရေးနီယားနိုင်ငံ၊ Kaunas တက္ကသိုလ်၊ နည်းပညာဌာနမှ ပညာရှင် ပေါလ်လီးရပ်စ် ဒါနီလိုဗာ့စ် ဦးဆောင်သည့် ပညာရှင်အဖွဲ့သည် အစားအစာများကို ကြာရှည်ခံစေမည့် ထုပ်ပိုးစနစ်အသစ် တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

အပင်မှ ထုတ်လုပ်သည့် ဆယ်လျူ လွိုက်စ်အမျှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် အကြည်သားတစ်မျိုးထဲတွင် လေးညှင်းဆီနှင့် ငွေဓာတ်ပစ္စည်းများကို ပေါင်းစပ် ထည့်သွင်းပေးထားခြင်းဖြင့် မှိုနှင့် ရောဂါပိုးများ စွဲကပ်ခြင်းကို အကာအကွယ်ပေးနိုင်ရုံမက၊ ရောဂါပိုးများကိုလည်း သတ်ပေးနိုင်သောကြောင့် ထိုအစများနှင့် ထုပ်ပိုးထားလျှင် အစားအစာများ ပိုပြီးကြာရှည်စွာခံကြောင်း ဒါနီလိုဗာ့စ်က ပြောကြားသည်။

ငွေဓာတ်ကို ထည့်ရခြင်းမှာ ဆယ်လျူလွိုက်စ်အမျှင်များကို ပိုပြီး ဆွဲဆန့် အားကောင်းစေရန် ဖြစ်ပြီး ထုပ်ပိုးမှုကိုလည်း ပိုပြီးခိုင်ခံ့စေရန် ဖြစ်သည်။

အသီးအရွက်များကို ထုပ်ပိုးထားလျှင်လည်း ကြာရှည်ခံနိုင်ရည်ရှိပြီး ၂ နှစ်ခန့် အကြိမ်ကြိမ် ရေဆေးပြီး သုံးနိုင်စွမ်းရှိကြောင်း၊ ပညာရှင်များသည် ဂရိပ်ဖရု သီးအစေ့၊ လိမ္မော်သီးအစေ့များကထုတ် သည့်ဆီနှင့် နွားနို့မှ ပရိုတိန်းတို့ကို ပေါင်းစပ်ပြီး ပတ်ဝန်းကျင် မညစ်ညမ်းစေသော ထုပ်ပိုးစများ တီထွင်လျက်ရှိကြောင်း New Atlas သတင်းတွင် ရေးသားထားသည်။