News

POST TYPE

IT

ဆင်းရဲနွမ်းပါးသူများကို ကျန်းမာရေး ကုသစရိတ် နှစ်သိန်းခန့် KT Care Foundation ထောက်ပံ့မည်
ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသူများကို ကျန်းမာရေး ကုသစရိတ် နှစ်သိန်းခန့် KT Care Foundationက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း Communication မန်နေဂျာ ဦးသက်ကိုကိုက ပြောသည်။

ထိုသို့ ကျန်းမာရေးစရိတ် ထောက်ပံ့ရာ၌ ဆင်းရဲနွမ်းပါးသော မိသားစုဝင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ သက်ကြီးဂေဟာများ၊ ဘာသာရေး အသင်းအဖွဲ့များ စသည်တို့ကို ကျန်းမာရေး ကုသစရိတ် ကျပ်တစ်သိန်းမှ နှစ်သိန်းထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

“ထောက်ပံ့ကြေး ရယူလိုတဲ့သူတွေက ဆရာဝန် ထောက်ခံချက်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ထောက်ခံချက်တွေနဲ့ ကျန်းမာရေး ထောက်ပံ့ငွေကို ချက်ချင်း ထောက်ပံ့ပေးမှာ ဖြစ်တယ်”ဟု ဖောင်ဒေးရှင်း မန်နေဂျာ ဦးသက်ကိုကိုက ပြောသည်။

လူမှုရေးအသင်း အဖွဲ့အစည်းများ၊ ကျန်းမာရေး ချို့တဲ့သူများ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းအထိ အသေးစား အခမဲ့ ထောက်ပံ့ပေးသွားမည်ဟု KT Care Foundation မှ ဆက်သွယ်ရေး မန်နေဂျာ ဦးသက်ကိုကိုက ပြောကြားသည်။

ဖောင်ဒေးရှင်းကို ၂၀ဝ၈ ခုနှစ်မှ စတင်ခဲ့ပြီးနောက် ယနေ့အချိန်ထိ နှာခေါင်းကွဲ အာခေါင်းကွဲ ၃၅၀ ကျော်အထိ အခမဲ့ ကုသပေးခဲ့ပြီး ကျန်းမာရေး ဆေးကုသစရိတ်ကို လူ ၃၅၀ ခန့် ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းကို ဆက်သွယ်လိုသူများအနေနှင့် ကာယကံရှင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ အထောက်အထား အပြည့်အစုံရှိပါက KT Care Foundation လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်သည့်အပြင် ဖုန်း ဝ၁ ၅၂၇၅၂၂ ၊ဝ၁၅၂၇၅၁၆ သို့ ဆက်သွယ်နိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။