News

POST TYPE

IT

အွန်လိုင်းပေါ်က ဗီဒီယိုတွေ ဘယ်လို Download လုပ်မလဲ
07-Mar-2017 tagged as Facebook movie


လူမှုကွန်ရက်တွေ၊ ဝက်ဘ်ဆိုက်တွေကို အသုံးပြုကြတဲ့အခါ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုတွေကို ဒေါင်းလုပ်လုပ်ပြီး သိမ်းချင်ကြမှာပါပဲ။ ဖေ့ဘွတ်ပေါ်မှာဆိုရင် ဗီဒီယိုဖိုင်တွေ အများကြီး တင်ကြပါတယ်။ အဓိကအားဖြင့်လည်း ဖေ့ဘွတ်ပေါ်က ဗီဒီယိုတွေကို ဘယ်လို Download လုပ်မလဲဆိုတဲ့ မေးခွန်းကိုပဲ မေးတတ်ကြပါတယ်။ ဖေ့ဘွတ်ပေါ်က ဗီဒီယိုတစ်ခုကို Download လုပ်တယ်ဆိုတာ ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်။ သိပြီး၊ နားလည်ပြီးတဲ့သူတွေအတွက် မရည်ရွယ်ပါဘူး။

Savefrom.net
ကိုယ် Download လုပ်ချင်တဲ့ ဗီဒီယိုရဲ့ လင့်ခ်ကို ကော်ပီယူပါ။ savefrom.net ကို ဖွင့်ပြီး အလယ်မှာ မြင်ရတဲ့အကွက်ထဲကို ကိုယ် Download လုပ်ချင်တဲ့ ဗီဒီယိုရဲ့ လင့်ခ်ကို ကူးထည့်ပါ။

ခဏနေရင် ဗီဒီယို အရည်အသွေး ဘယ်လောက်ကို Download လုပ်ချင်သလဲဆိုတာ ရွေးချယ်ပြီး Download လုပ်နိုင်မှာ ဖြစ်ပါတယ်။
You Tube က ဗီဒီယိုတွေကို Download လုပ်ချင်တာဆိုရင်တော့ ကိုယ် Download လုပ်ချင်တဲ့ ဗီဒီယိုလင့်ခ်ရဲ့ www. ရဲ့ အနောက်မှာ ss ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ရင် Savefrom.net ကို တန်းပြီး ရောက်ပါတယ်။

Facebook Video Downloader
ဖေ့ဘွတ်ပေါ်က ဗီဒီယိုတွေကို Download လုပ်နိုင်မယ့် မိုဘိုင်းလ် App တွေ အများကြီးရှိပါတယ်။ Play Store မှာ Facebook Video Downloader လို့ ရိုက်ရှာရင် App တွေ အများကြီး ကျလာပါလိမ့်မယ်။ ဒီအထဲကမှ ရွေးချယ်နိုင်ပါတယ်။ တချို့ App တွေက သူတို့ App ထဲမှာ ကိုယ့်ရဲ့ ဖေ့ဘွတ်အကောင့်ကို Login ဝင်ခိုင်းတာတွေလည်း ရှိတတ်ပါတယ်။ အဲ့ဒါမျိုးကို ရွေးချယ်မယ့်အစား Savefrom.net လို နေရာမျိုးကနေ Download လုပ်တာက ပိုအန္တရာယ်ကင်းပါတယ်။

Tubemate
Android အတွက်ကတော့ Tubemate က You Tube က ဗီဒီယိုတွေကို Download လုပ်ဖို့ အဆင်အပြေဆုံးပါပဲ။ အလွယ်တကူ ရှာနိုင်မယ်။ အလွယ်တကူ Download လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

အခြား Download လုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပေမယ့်လည်း ဒီအချက်တွေက You Tube  နဲ့ ဖေ့ဘွတ်ပေါ်က ဗီဒီယိုတွေက် Download လုပ်ဖို့ အလွယ်ကူဆုံး နည်းလမ်းတွေ ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။