POST TYPE
IT
ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းနိုင်သည့် ကွန်ပျူတာ ဝါယာလက်စ် ဆေးတောင့်စနစ် တီထွင်
05-Aug-2016
ဝါရှင်တန်၊ သြဂုတ် ၄

ယင်းပစ္စည်းလေးကို Neural dust ဟု အမည်ပေးထားပြီး လူ၏ နာ့ဗ်ကြောများ၊ ကြွက်သားအကြောများ သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုအတွင်း ထည့်သွင်းကာ ကွန်ပျူတာဖြင့် အချိန်ပြည့် စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ပညာရှင်များသည် ကြွက်တစ်ကောင်အတွင်း Neural dust ပစ္စည်းလေးကို ထည့်သွင်းပြီး Ultrasound ရိုက်ခြင်းများကို ပြုလုပ်ခဲ့ရာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
မကြာသောကာလတွင် လူသား၏ ဦးနှောက်အတွင်း Neural dust ကို ထည့်သွင်းကာ လူတို့၏ စိတ်ကူးနှင့် အတွေးများကို ဖမ်းယူနိုင်သည်အထိ ထောက်လှမ်းနိုင်ရန် ဆောင်ရွက်မည်ဟု တီထွင်သူ ဘွဲ့ရကျောင်းသား ရိုင်နီးလီက ပြောကြားသည်။
ဦးနှောက်အတွင်း ဖြည့်သွင်းမည့် Neural dust များကို လျှပ်ငုတ်တစ်ခု အနေနှင့် အသုံးပြုကာ ကိုယ်ခန္ဓာ ခြေထောက်သေနေသူများကို ပြန်လည်လှုပ်ရှားလာစေရန် ကွန်ပျူတာဖြင့် ထိန်းချုပ်လုပ်ဆောင်ခြင်းကို စမ်းသပ်နေကြောင်း ယင်းက ဆိုသည်။
Ultrasound နည်းပညာကို တွင်ကျယ်စွာ အသုံးပြုနိုင်သည့် အချိန်တွင် ယင်းပစ္စည်းများက ထုတ်လွှတ်လိုက်သည့် တုန်ခါအားများနှင့် Neural dust များကို ချိတ်ဆက်အသုံးပြုနိုင်ရန် တီထွင်နိုင်ခဲ့ကြောင်း၊ ယခုတွေ့ရှိသည့် နည်းသစ်သည် ရေဒီယိုလှိုင်းစနစ်ဖြင့် ဒေတာများကို ချိတ်ဆက်ပြီး ခိုင်းစေသည့် နည်းနှင့် မတူညီကြောင်း ပညာရှင်များက ပြောကြားသည်။
Helen Wills Neuroscience Institute မှ ပညာရှင်များသည် Neural dust ပစ္စည်းလေးကို၁ မီလီမီတာ ကုဗအတွင်း ထည့်သွင်းနိုင်အောင် ချုံ့နိုင်ခဲ့ပြီး ဆန်စေ့တစ်စေ့စာမျှသာ အရွယ်အစားရှိကြောင်း သြဂုတ်လ ၃ ရက်နေ့ထုတ် Neuron ဂျာနယ်တွင် အသေးစိတ် ဖော်ပြထားသည်။
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021