News

POST TYPE

IT

ဒရုန်းယာဉ်များဖြင့် ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းများ စင်ကာပူတွင် ဆောင်ရွက်မည်
02-Jan-2017 tagged as

စင်ကာပူ၊ ဇန်နဝါရီ ၁

စင်ကာပူနိုင်ငံမြို့တော် လူစည်ကားပြီး ကားများ ရှုပ်ထွေးသည့် နေရာများတွင် မောင်းသူမဲ့ ဒရုန်းယာဉ် ရာချီထားပြီး ယာဉ်ကြော ပိတ်ဆို့မှုများကို စောင့်ကြည့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ 

Traffic Management of Unmanned Aircraft Systems ဟု အမည်ပေးထားသော စီမံချက်လုပ်ငန်းကို နယ်မြေအလိုက်ပိုင်းခြားကာ ဒရုန်းယာဉ်များ ကောင်းကင်တွင် လွှတ်ထားပြီး မြေပြင်အခြေစိုက်စခန်းများနှင့် ချိတ်ဆက် လုပ်ဆောင်သွားရန် ပြင်ဆင်ထားကြောင်း ယင်းသတင်းက ဆိုသည်။

ဒရုန်းယာဉ်များကို ထိန်းချုပ်လုပ်ဆောင်ခြင်းကို NTU ခေါ် နန်ယန်နည်းပညာ တက္ကသိုလ်မှ အဖွဲ့ တစ်ဖွဲ့က ဦးဆောင် လုပ်သွားမည်ဖြစ်ကာ ဒရုန်းယာဉ် ရာပေါင်းများစွာ ပျံသန်းနိုင်ရေးနှင့် ကောင်းကင်ပေါ်တွင် စောင့်ကြည့်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ဒရုန်းယာဉ်များကို ကောင်းကင်ပေါ် စေလွှတ်ပြီး ယာဉ်လမ်းကြောင်း ထိန်းချုပ်ရေး အစီအစဉ်ကို NTU အဖွဲ့သည် လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက စမ်းသပ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

ယာဉ်လမ်းကြောင်း ထိန်းချုပ်နိုင်ရေးအတွက် ဒရုန်းယာဉ်များ၊ ဆော့ဖ်ဝဲများ၊ တည်ဆောက်နည်းစနစ်များ အားလုံး ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ပြီး အကောင်အထည် ဖော်သွားမည်ဟု ပညာရှင်များက ထုတ်ပြန်ထားသည်။

မြို့တွင်းယာဉ်လမ်းကြောင်း ရှင်းလင်းရေး လုပ်ငန်းများကို NTU အဖွဲ့သည် လေကြောင်းထိန်းသိမ်းရေး ဌာနများဖြစ်သည့် CAAS အပြင် ATMRI အဖွဲ့များနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။

ဒရုန်းယာဉ်များဖြင့် ယာဉ်ကြော ထိန်းသိမ်းမှုကို ဦးဆောင် သုတေသန ပြုလုပ်နေသူမှာ ပါမောက္ခ Low Kin Huat ဖြစ်ပြီး စင်ကာပူနိုင်ငံကို လေကြောင်းကတစ်ဆင့် စောင့်ကြည့်မည့် လုပ်ငန်းစဉ်မှာ မကြာမီ အဓိက ကျသည့် အရေးပါသော လုပ်ငန်းကြီး တစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ပြောကြားသည်။

ဒရုန်းယာဉ်များ ထွန်းကားလာသည်နှင့်အမျှ ယာဉ်ကြော ထိန်းချုပ်ရေး သာမက နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်ပါ ဒရုန်းယာဉ်များကို အသုံးချသွားရန် စီစဉ်ထားကြောင်း NTU မှ ပါမောက္ခ Louis Phee က ဆိုသည်။

E-01

  • TAGS