News

POST TYPE

IT

တရုတ်နည်းပညာအတက် ဂျပန်၊ ကိုရီးယားနှင့် ဂျာမနီ အခက်တွေ့မည်ဟုဆို
16-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅

တရုတ်နိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ် ခုနှစ်အတွင်း နည်းပညာဖြင့် တိုင်းပြည် ကုန်ထုတ်လုပ်မှုများကို အစွမ်းကုန် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သောကြောင့် တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီနိုင်ငံတို့သည် အများဆုံး ထိခိုက်နိုင်သည့် နိုင်ငံများ ဖြစ်သွားနိုင်ကြောင်း ဂျာမနီနိုင်ငံ think-tank အဖွဲ့၏ သတိပေးမှုကို Financial Review သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် Made in China 2025 စီမံချက်ကို နိုင်ငံရေး နောက်ခံကောင်းကောင်း၊ ရန်ပုံငွေ အထောက်အပံ့ ကောင်းကောင်းဖြင့် လွှမ်းမိုးနိုင်စေရန် ဆောင်ရွက်နေမှုသည် တရုတ်နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုက်မမီနိုင်လောက်အောင် ဖြစ်သွားစေနိုင်ကြောင်း ဂျာမနီ think-tank အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘာလင် အခြေစိုက် Mercator Institute for China Studies အဖွဲ့က ထုတ်ပြန်ထားကြောင်း ယင်းသတင်းက ဆိုသည်။

တရုတ်တို့၏ ၂၀၂၅ စီမံချက်သည် မအောင်မြင်ဟုဆိုစေ ထိုကာလများအတွင်း တရုတ်တို့၏ ဆောင်ရွက်နေမှုများက ကမ္ဘာ့စီးပွားရေး တစ်ခုလုံးကို လွှမ်းမိုးသွားစေရန် ဆုပ်ကိုင်နေမိပြီးသား ဖြစ်နိုင်သောကြောင့် တရုတ် လက်ဦးမှုကို သတိထားကြရန် ယင်းအဖွဲ့က သတိပေးထားသည်။

စက်မှုကုန်ထုတ် လုပ်ငန်းများသည် စိတ်ကူးယဉ်ပြီး လုပ်ဆောင်၍ မရနိုင်ကြောင်း တရုတ်တို့ လုပ်ဆောင်မှုသည် သေးသေးလေးဟုဆိုစေ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် နည်းပညာ တိုးတက်မှုကို လိုက်မမီအောင် ဖွံ့ဖြိုးသွားနိုင်ကြောင်း၊ သူတို့စိတ်ဓာတ်နှင့် သူတို့၏ အားပေးလုပ်ဆောင်နေမှုများက နိုင်ငံတကာကို အသာလေး ကျော်ဖြတ်သွားနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ 

ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ အီတလီ၊ ဟန်ဂေရီ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသည် တရုတ်ဖွံ့ဖြိုးတိုးတက်မှုတွင် အခက်အတွေ့ဆုံး နိုင်ငံများ ဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံများ၏ ထုတ်ကုန် ၄၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံကို  အားထားကာ ထုတ်လုပ်နေကြခြင်းကြောင့် ဖြစ်ကြောင်း၊ တရုတ်၏ ၂၀၂၅ စီမံချက်သည် နိုင်ငံတကာမှ ကုန်စည်များ တရုတ်နိုင်ငံအတွင်း တင်သွင်းမှုများကိုပါ ရပ်တန့်သွားစေနိုင်ကြောင်း၊ ထို့ကြောင့် တရုတ်အတက်ကို သတိထားပြီး လုပ်ဆောင်ကာ ဈေးကွက်ကို မရှာနိုင်ပါက လာမည့် ဆယ်စုတစ်စုအတွင်း အခက်တွေ့သွားနိုင်ကြောင်း ဂျာမနီ think-tank အဖွဲ့၏ အကြံပြုချက်များကို Financial Review တွင် ရေးသားထားသည်။ 

E01