POST TYPE
IT
LED မီးရောင်ဖြင့် အယ်ဇိုင်းမား ဝေဒနာရှင်များကို ပြန်လည်ကုသနိုင်ဟုဆို
09-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၈

MIT မှ ပညာရှင်များသည် အယ်ဇိုင်းမား ဝေဒနာရှင်များကို ဆေးဝါးများဖြင့် ပြန်လည်ကောင်းမွန်စေရန် ကုစားခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့ရာက LED မီးရောင်ကို ရောင်ခြည်အဖြစ် အသုံးပြုကာ လှိုင်းများအဖြစ် ဦးနှောက်ကို သက်ရောက်စေခဲ့ရာမှ မှတ်ဉာဏ်များကို ပြန်လည်ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။
ကင်းဘရစ်ခ်ျတက္ကသိုလ် MIT သုတေသနအဖွဲ့မှာ ပါမောက္ခ လီဟွေစီး ဦးဆောင်သည့် ပညာရှင်များသည် ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်များကို LED မီးရောင်ခြည်ဖြင့် စတင်ကုသခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။
“ဒါဟာ နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ဦးနှောက်ကို ဘယ်လိုမှ ထိခိုက်မှု မရှိနိုင်တဲ့အပြင် ဆေးလည်း သောက်စရာမလို၊ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိနိုင်တဲ့နည်း ဖြစ်ပါတယ်” ဟု တီထွင်သူ ပါမောက္ခ လီဟွေစီးက ပြောကြားသည်။
စိတ်ကစဉ့်ကလျား ဖြစ်နေသည့် ကြွက်များကို တစ်ရက်လျှင် တစ်နာရီဖြင့် ၇ ရက်တိုင်တိုင် LED ရောင်ခြည်ထိုးပြီး ကုသခဲ့ရာတွင် သိသာစွာ အခြေအနေများ တိုးတက်လာခဲ့ကြောင်း Nature ဂျာနယ်တွင် လုပ်ဆောင်ချက်များကို အသေးစိတ် ဖော်ပြထားသည်။
ဆေးမသောက်ရဘဲ အယ်ဇိုင်းမားရောဂါကို ကုသနိုင်မည် ဆိုခြင်းမှာ ဆေးပညာလောကအတွက် တော်လှန်မှုတစ်ခု ဖြစ်ကြောင်း ဆန်ဖရန်စစ္စကို နည်းပညာအရာရှိ ဒင်နီရယ်ဘားနက်က ဆိုသည်။
ဒေါက်တာလီဟွေစီးက LED မီးရောင်ဖြင့် ကုသခြင်းကို ကြွက်များတွင် အောင်မြင်ခဲ့သော်လည်း လူများတွင် အောင်မြင်မည်ဟု မပြောနိုင်သေးကြောင်း၊ အတိတ်က စမ်းသပ်မှုများတွင် ကြွက်များကို အောင်မြင်ပြီး လူများတွင် မအောင်မြင်မှုများ ရှိခဲ့ဖူးကြောင်း၊ မိမိတို့အနေနှင့် လူများ၏ အယ်ဇိုင်းမားကို စိုးရိမ်စွာ စမ်းသပ်ရဦးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
E01
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021