News

POST TYPE

IT

နည်းပညာနှင့် ဒေတာများကို အကျိုးရှိစွာ အသုံး ချနိုင်ခဲ့သောကြောင့် ထရမ့် အနိုင်ရရှိဟုဆို
06-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၆

အမေရိကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်သည် ဆိုရှယ် မီဒီယာစသည့် လူအများ အသုံးပြုနေသော ဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင် ကဲ့ရဲ့ လှောင်ပြောင်စရာ ဖြစ်နေခဲ့သော်လည်း ယင်းအချက်ကို အခွင့်ကောင်း ယူကာ ဒေတာများကို တန်ပြန် ပို့လွှတ်ပြီး လူသိများအောင် မိမိကိုယ်မိမိ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သမ္မတရွေးကောက်ပွဲတွင် အနိုင် ရခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ထရမ့်၏ လျှို့ဝှက်ချက်မှာ အွန်လိုင်းပေါ်ကတစ်ဆင့် ဒစ်ဂျစ်တယ် ကမ်ပိန်းကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်ပြီး၊ စည်းရုံးရေး ကာလ နောက်ဆုံးအချိန်တွင် အွန်လိုင်းကတစ်ဆင့် ပြိုင်ဘက်ကို ပွဲသိမ်း ထိုးနှက်နိုင်ခဲ့ခြင်းကြောင့် အနိုင် ရခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ရွေးကောက်ပွဲအတွက် အပြိုင် စည်းရုံးရေး ဆင်းနေစဉ် ကာလတွင် ထရမ့်သည် သူ့ကိုယ်သူ ထင်တစ်လုံးဖြင့် လေလုံးထွားကာ ပြောချင်ရာ ပြောနေသူ တစ်ဦးဟု ထင်မြင်ယူဆစရာ ဖြစ်နေသော်လည်း၊ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ယင်းနည်းသည် သမ္မတ အိုဘားမား အသုံးပြုခဲ့သည့် နည်းဟောင်းဖြစ်ပြီး မိမိကိုယ် လူအများဆုံး စိတ်ဝင်စားလာစေရန် ပြုလုပ်နေသည့် မိုက်ခရိုပစ် မှတ်နည်းကို အသုံးပြုနေခြင်းဖြစ်ကြောင်း AFP တွင် ရေးသားထားသည်။

ထရမ့်သည် သမ္မတလောင်းအဖြစ် ရွေးကောက်ခံရန် ပါတီက တင်မြှောက် ရွေးချယ်ပြီးသည့်နောက်တွင် ဒစ်ဂျစ်တယ်ဗျူဟာကို စတင် အသုံးပြုခဲ့ပြီး အထူးသဖြင့် သူ၏ သမက်ဖြစ်သူ နိုင်ငံရေး ကျွမ်းကျင်သည့် ဂျာရက် ကုရှ်နာ၏ အထောက်အပံ့ဖြင့် အွန်လိုင်းကတစ်ဆင့် ပြိုင်ဘက်ကို နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နိုင်စေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးအဆင့်တွင် ထရမ့်သည် ကင်းဘရစ်ခ်ျမှ နိုင်ငံရေး ကျွမ်းကျင် ပညာရှင်များ၏ ယူဆချက်များကို အွန်လိုင်းကတစ်ဆင့် ပျံ့နှံ့စေရန် ကြံဆောင်ခြင်း၊ အဓိက ပြည်နယ်များတွင် ပြိုင်ဘက် ဟီလာရီ ကလင်တန်အပေါ် လွှမ်းမိုးနိုင်မည့် အချက်အလက်များကို ထုတ်ပြန်နိုင်ခဲ့ကာ စိတ်များကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။

ထရမ့်ဘက်မှ ကလင်တန်ကို ဇဝေဇဝါ ဖြစ်စေမည့် သတင်းများကို နေ့တိုင်း အွန်လိုင်းပေါ် တင်ကာ ထိုးနှက် တိုက်ခိုက်နေခြင်းမှာ ကလင်တန်အဖို့ စည်းရုံးရေး လုပ်ရန်ထက် ဖြေရှင်းနေရခြင်းအပေါ် အားကုန်သွားစေရန် စနစ်တကျ စီစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
ထရမ့်သည် အွန်လိုင်းပေါ်ကတစ်ဆင့် သူ့ကိုယ်သူ ကြော်ငြာသည့်အသွင်ဖြင့် လုပ်ဆောင်နေသော နေရာပေါင်း ၄ဝဝဝ ရှိပြီး သူ၏တင်ပြမှုများကို သန်းချီသည့် အမေရိကန်ပြည်သူများက အကြိမ်ပေါင်း ၁ ဒသမ ၅ ဘီလီယံအထိ ဝင်ရောက် ကြည့်ရှုခဲ့ကြကြောင်း Cambridge Analytica အဖွဲ့က ထုတ်ပြန်ထားသည်။
E01


  • VIA