POST TYPE
IT
အာဖရိက၏ ပထမဆုံး ဂြိုဟ်တု လူငယ်အမျိုးသမီးအဖွဲ့ လွှတ်တင်
18-Nov-2016
ကိတ်တောင်း၊ နိုဝင်ဘာ ၁၇

ကျောင်းသူများ လွှတ်တင်ထားသည့် ဂြိုဟ်တုသည် အာကာသအတွင်းမှ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ အစားအသောက်များ၊ လုံခြုံဘေးကင်းရန် ကြိုတင်ကာကွယ်မှုများအတွက် ဒေတာများကို အချိန်နှင့် တစ်ပြေးညီ ပို့လွှတ်ပေးနေမည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ဂြိုဟ်တုက ရရှိသည့် အချက်အလက်များအပေါ် မူတည်ပြီး အာဖရိက၏ အနာဂတ် ပြဿနာများကို ခန့်မှန်းနိုင်မည် ဖြစ်ကြောင်း ပီလီကန်ပါ့ခ် အထက်တန်းကျောင်းမှ ကျောင်းသူ ဘရစ်တနီဘူးလ်က ပြောကြားသည်။
ကျောင်းသူများက စိုက်ပျိုးထားသည့် သီးနှံများနှင့် သစ်ပင်များကို စောင့်ကြည့်ရေးသည် အလွန်အရေးကြီးကြောင်း၊ သစ်တောများ မီးလောင်မှုနှင့် ရေလွှမ်းမိုးမှုများကို တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် စောင့်ကြည့်ခြင်းဖြင့် သဘာဝဘေးကိုလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဘူးလ်က ဆိုသည်။
ကျောင်းသူသုံးဦး လုပ်ဆောင်နေသည့် ပရောဂျက်သည် တောင်အာဖရိကတိုက်မှ MEDO (Meta Economic Development Organization) အဖွဲ့ အကူအညီဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းအဖွဲ့ကလည်း အမေရိကန်ပြည်ထောင်စု Morehead State တက္ကသိုလ်နှင့် ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့ဖြစ်ကြောင်း CNN သတင်းတွင် ရေးသားထားသည်။
ယင်းကျောင်းသူများအဖွဲ့သည် ပျမ်းမျှ အသက် ၁၄ နှစ် ဝန်းကျင်ရှိပြီး သူတို့ကို Cape Peninsula University နည်းပညာဌာနက ဂြိုဟ်တု ပြုလုပ်မှုဆိုင်ရာ အင်ဂျင်နီယာ ပညာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။
ကျောင်းသူများကို STEM (sciencs, technology, engineering, mathmetics) ဆိုသည့် နည်းပညာ အခြေပြု သင်ကြားမှုများကို လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ပြီး လာမည့် ၂၀၁၇ နှစ် မေလတွင် MEDO အဖွဲ့သည် အာဖရိကတိုက်၏ ပထမဆုံး ဂြိုဟ်တုနည်းပညာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။
ကျောင်းသူများ တီထွင်စေလွှတ်ထားသည့် ဂြိုဟ်တုသည် တောင်သူလယ်သမားများအတွက် အလွန်အကျိုးရှိမည် ဖြစ်ပြီး ခိုင်လုံသော ဒေတာအချက်အလက်များက အကာအကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊ အယ်လ်နီညို ရာသီဥတုကြောင့် တောင်အာဖရိကတွင် ၂၀၁၆ ခုနှစ် ဧပြီလက ပြောင်းထုတ်လုပ်မှု ၉ ဒသမ ၃ သန်းတန်ခန့် ကျဆင်းခဲ့ရကြောင်း ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားသည်။
ယင်းအဖွဲ့တွင် နမီးဘီးယား၊ မာလာဝီ၊ ကင်ညာနှင့် ရဝမ်ဒါနိုင်ငံများမှ အမျိုးသမီးများ ပါဝင်လာပြီး အနာဂတ်အာဖရိက အိုင်စီတီကို အမျိုးသမီးများလည်း စွမ်းဆောင်နေကြောင်း လှုံ့ဆော်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း CNN သတင်းတွင် ရေးသားထားသည်။
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021