News

POST TYPE

IT

ဘီးဇော့(စ်)မှ ဘူးဖတ်ကို ကျော်ပြီး ကမ္ဘာ့တတိယ အချမ်းသာဆုံး သူဋ္ဌေး ဖြစ်လာ
29-Jul-2016
အမေဇုန် ကုမ္ပဏီ တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သော ဂျတ်(ဖ်) ဘီးဇော့(စ်)သည် ဘာ့ရှဲလ်ဟသာဝေး ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌလေးဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည့် ဝါရင်ဘူးဖတ်ကို ကျော်ပြီး ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပြီဟု Forbe မဂ္ဂဇင်းမှ ဆိုသည်။

ဘီးဇော့(စ်) ၏ ကြွယ်ဝချမ်းသာမှုမှာ ကြာသာပတေးနေ့၌ အမေရိကန်ဒေါ်လာ ၆၅.၃ ဘီလီယံ ရှိနေစဉ်တွင် ဘူးဖတ်၏ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၆၄.၉ ဘီလီယံ ရှိသည်ဟု ဆိုသည်။

မိုက်ကရိုဆော့စ် ကော်ပိုရေးရှင်း တွဲဖက်တည်ထောင်သူ ဘီး(လ်)ဂိတ်မှာ အမေရိကန်ဒေါ်လာ ၇၇.၇ ဘီလီယံဖြင့် အချမ်းသာဆုံးအဖြစ် ဆက်လက်ရပ်တည်နေပြီး စပိန်နိုင်ငံမှ ဇာရာ ဖက်ရှင်အဝတ်အစားပိုင်ရှင် အမန်စီယို အော်တာဂါသည် အမေရိကန်ဒေါ်လာ ၇၂.၇ ဘီလံယံ ကြွယ်မှုဖြင့် ဒုတိယအချမ်းသာဆုံး နေရာတွင် ရှိနေသည်။ ဖော့ဘွတ် ကော်ပိုရေးရှင်း၏ တွဲဖက်တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ ဇူကာဘတ်မှာ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံဖြင့် နံပါတ် (၅) နေရာတွင် ရှိနေသည်။

၅၂ အရွယ် ဘီးဇော့(စ်) မှာ အမေဇုန်ကုမ္ပဏီ၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ လူများသည် ရှောပင်းမောလ်ထက် အွန်လိုင်းပေါ်မှာ ဝယ်ယူမှု များလာခဲ့သောကြောင့် ကမ္ဘာ့အကြီးဆုံး အမေဇုန် အွန်လိုင်းရောင်းဝယ်ရေး စတိုးကြီး၏ ရှယ်ယာတန်ဖိုးမှာ ကုန်လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။

၈၅ နှစ်အရွယ် ဘူးဖတ်မှာ ဘာ့ရှဲလ်ကော်ပိုရေးရှင်း၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ သို့သော် ဘီး(လ်) နှင့် မလင်ဒါ ဂိတ် ဖောင်ဒေးရှင်းသို့ သူ၏ အမေရိကန်ဒေါ်လာ ၂.၈၆ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာများကို လှူဒါန်းခဲ့သဖြင့် ယခုလို ကမ္ဘာ့အချိမ်းသာဆုံး စတုတ္ထနေရာသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ 

Source: Reuters