News

POST TYPE

IT

iPhone 7 အခမဲ့ ရဖို့အတွက် iPhone 7 လို့ တရားဝင် နာမည်ပြောင်းတဲ့ ယူကရိန်း နိုင်ငံသား
29-Oct-2016

ယူကရိန်း နိုင်ငံသား တစ်ဦးဟာ iPhone မော်ဒယ်လ်သစ် iPhone 7 တစ်လုံး အခမဲ့ ရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် iPhone 7 လို့ တရားဝင် နာမည် ပြောင်းလိုက်ပါတယ်။ 

ယူကရိန်းနိုင်ငံက ဒေသတွင်း လျှပ်စစ်ပစ္စည်းဆိုင် တစ်ခုကနေပြီးတော့ iPhone 7 လို့ တရားဝင် နာမည်ပြောင်းတဲ့ ပထမဆုံး ၅ ဦးကို iPhone 7 အခမဲ့ ချီးမြှင့်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ အသက် ၂၀ အရွယ် အိုလက်ဇန္ဒာတူရင်က ပထမဆုံး အနေနဲ့ IPhone 7 လို့ တရားဝင် မှတ်ပုံတင်ပြီး နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ iPhone 7 လို့ နာမည်တွင်သွားပြီဖြစ်တဲ့ ယင်းယူကရိန်း နိုင်ငံသားဟာ သူ ရရှိမယ့် iPhone 7 ဆုကိုလည်း မနေ့ကပဲ ရယူခဲ့ပြီးပြီဖြစ်ပါတယ်။ 

အခုလို နာမည်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အိုလက်ဇန္ဒာတူရင်ရဲ့ မိသားစုဝင်တွေကတော့ အံ့သြ တုန်လှုပ်ခဲ့ကြရပါတယ်။ 

ဒါပေမဲ့ iPhone 7 ကတော့ သူ့မှာ သား၊ သမီး ရှိလာတဲ့ အချိန်ကျရင် မူရင်းနာမည်ကို ပြန်ပြောင်းသွားမယ်လို့ ပြောကြားထားပါတယ်။ 

ယူကရိန်းမှာ Apple ကုမ္ပဏီထုတ် iPhone 7 ရဲ့ လက်ရှိ တန်ဖိုးက အမေရိကန် ဒေါ်လာ ၈၅၀ ခန့် ရှိနေပြီး နာမည်ပြောင်းဖို့အတွက် ကုန်ကျစရိတ်ကတော့ ၂ ဒေါ်လာလောက် ရှိပါတယ်။ 

Ref : Time



  • VIA