News

POST TYPE

IT

Realme C1 Launch Event ကြီးကို ရန်ကုန်မြို့၊ Melia Hotel တွင် လာမည့်ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်
21-Dec-2018
Realme C1 Launch Event ကြီးကို ရန်ကုန်မြို့၊ Melia Hotel တွင် လာမည့်ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
Realme Brand ပုံရိပ်အဖြစ် ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့နှင့်အတူ မြန်မာ့ဂုဏ်ဆောင် MMA Fighter ဖြစ်သူ Aung La Nsang ပါတက်ရောက်သွားမည်

ရင်ခုန်စိတ်လှုပ်ရှားစရာများကို ယူဆောင်ပေးသွားရန်အတွက် Realme စမတ်ဖုန်း Brand သစ်အနေဖြင့် လာမည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် Realme C1 Launch Event ကြီးကို ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုကျင်းပမည့် Realme C1 Launch Event တွင် Realme Brand ပုံရိပ်အဖြစ် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ တက်ရောက်ကြမည်ဖြစ်သလို One Championship ပြိုင်ပွဲ၏ မြန်မာ့ဂုဏ်ဆောင် MMA Fighter တစ်ဦးဖြစ်သူ Aung La Nsang ကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ထိပ်တန်း Professional Sexy Model တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်၊ နိုင်ငံကျော်အဆိုရှင် X-BOXIN၊ အနုပညာရှင်များဖြစ်ကြသည့် ကောင်းမြတ်စံ၊ ယွန်းယွန်းနှင့် လူငယ်တွေအတွက် ဘဝခွန်အားဖြည့် video တွေကို ဝေမျှပေးလျက်ရှိသည့် Dee Dee Burmese Vlog တို့ပါ တက်ရောက်သွားကြမည်ဖြစ်သည်။

Realme စမတ်ဖုန်း Brand သစ်မှာ လူငယ်လူရွယ်မျိုးဆက်သစ်များကို အဓိက ဦးတည်းကာ စွမ်းဆောင်ရည်မြင့်ပြီး စတိုင်းကျလှပသည့် စမတ်ဖုန်းများကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပေးသွားမည် ဆိုသည့်အတိုင်း Realme ၏ Brand စာသားဖြစ်သော “Power Meets Style” ၏ အဓိပ္ပာယ်နှင့် ခံစားမှုမျိုးကို ကျင်းပတော့မည့် Realme C1 Launch Event တွင် အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း Realme ၏တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားသည်။

Realme C1 စမတ်ဖုန်းသစ်တွင် ကြီးမားသော မျက်နှာပြင်၊ ကြီးမားသောဘက်ထရီတို့ ပါဝင်ထားသည့်အတွက် စမတ်ဖုန်းတစ်လုံး ထိတွေ့သုံးစွဲရာတွင် အားရကျေနပ်မှု ရှိစေမည်ဖြစ်သလို ဖုန်းတစ်လုံးနှင့်ပတ်သက်၍ ယှဉ်တွဲဖြစ်ပေါ်နေသော ဘက်ထရီအားကုန်မြန်ခြင်းပြဿနာကိုပါ ဖြေရှင်းပေးနိုင်စေမည်ဖြစ်သည်။

ယခု မိတ်ဆက်ပွဲ အခမ်းအနားတွင် Realme ၏နောက်ထပ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်သော Realme 2 Pro ထုတ်ကုန်သစ်ကိုပါ ကြေညာမိတ်ဆက်ပေးသွားဦးမည်ဖြစ်ပြီး ပွဲအခမ်းအနားနှင့် ပတ်သက်သည့် တိုက်ရိုက် Live Stream ထုတ်လွှင့်မှုများကို ထိပ်တန်းမီဒီယာများ၏ Facebook တို့မှတစ်ဆင့် တစ်နိုင်ငံလုံး ပရိသတ်များ ကြည့်ရှုနိုင်စေရန်အတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရှိသည်။