News

POST TYPE

IT

ရန်ကုန်- ဟန်ကျိုးပထမဆုံး တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲ
19-Dec-2018
ရန်ကုန်၊ဒီဇင်ဘာ ၁၉

တရုတ်ပြည်၏ ထင်ရှားသည့်မြို့တော်တစ်ခုဖြစ်သည့် ဟန်ကျိုးမြို့နှင့်ရန်ကုန်မြို့အကြား ပထမဆုံးတိုက်ရိုက် ခရီးစဉ်အဖြစ် တရုတ်ပြည်အခြေစိုက် စီချွမ်လေကြောင်းလိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၁၇ ရက်က စတင်ပျံသန်း ပြေးဆွဲခဲ့သည်။

“ရန်ကုန်လိုပဲ တရုတ်မှာရှိတဲ့ ကျဲ့ကျန်းပြည်နယ်ရဲ့မြို့တော်တစ်ခုဖြစ်တယ်။ အခုလို တိုက်ရိုက်ပြေးတာ ကတော့ပထမဆုံးပဲ” ဟု ရန်ကုန်လေဆိပ်မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ဟန်ကျိုး- ရန်ကုန်တိုက်ရိုက် ခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း စီချွမ်လေကြောင်းလိုင်းထံမှသိရသည်။

အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြားစီးပွားရေးနှင့်ခရီးသွားလုပ်ငန်းတွင် ပိုမိုမြင့်တင်ပေး နိုင်မည်ဖြစ် ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထံမှသိရသည်။

“မြန်မာနိုင်ငံက တရုတ်အပါအဝင် နိုင်ငံအချို့ကို ဗီဇာဖြေလျော့မှုတွေကို လုပ်လာပြီးတဲ့ နောက်မှာတရုတ် လေကြောင်းလိုင်း တွေကမြန်မာပြည်ကိုခရီးစဉ်တိုးချဲ့တာတွေရှိလာတယ် ”ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးသန်းနိုင်ကဆိုသည်။

ဟန်ကျိုးမြို့မှ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်ခရီးသည် ၁၈၀ကျော်တင်ဆောင်နိုင်သည့် Air Bus A 320 လေ ယာဉ်ဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး အဆိုပါ စီချွမ်းလေကြောင်းလိုင်းသည် ရန်ကုန်မြို့သို့ ပြေးဆွဲပျံသန်းသည့် ၃၁ခု မြောက် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြစ်သည်။

J-14