News

POST TYPE

IT

ရဲဒုတပ်ကြပ်က ၆ နှစ်အရွယ်ကျောင်းသူကို မဖွယ်မရာလုပ်
07-Oct-2018


ချောက်၊ အောက်တိုဘာ ၇

မင်းဘူးမြို့တွင် ၆ နှစ်အရွယ်ကျောင်းသူတစ်ဦး ကျောင်းသို့သွားစဉ်လမ်း၌ မင်းဘူးခရိုင်အကူတပ်ခွဲမှ ရဲဒုတပ်ကြပ်တစ်ဦးက မဖွယ်မရာလုပ်ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းထံမှ သိရှိရသည်။

မုန့်ဝယ်ကျွေးမည်၊ လိုက်ခဲ့ရန်ပြောကာခေါ်လာပြီး လမ်းဘေးကွန်ကရစ်ကျောက်တုံးပေါ်တွင် ၎င်းကို ပွတ်သပ်ကိုင်တွယ်သည့်အပြင် ပေါင်ပေါ်တင်၍ မအင်္ဂါကိုကိုင်ကြောင်း သမီးဖြစ်သူပြောချက်အရ မိခင်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုထားသည်။

ထိုဖြစ်စဉ်သည် အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းကဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျူးလွန်သူသည် ရဲဒုတပ်ကြပ် လှမင်း (၄၅ နှစ်) ဆိုသူဖြစ်ပြီး မဖွယ်မရာလုပ်သည်ကို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးက မျက်မြင်တွေ့ရှိကြောင်း ရဲစခန်းထံမှသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းဘူးခရိုင်အကူတပ်ခွဲ ဒုရဲတပ်ကြပ်လှမင်း (၄၅ နှစ်)ဆိုသူကို မင်းဘူးရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၅၁၁ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-24