News

POST TYPE

IT

အသစ် ထပ်ထုတ်သည့် ဖုန်းများတွင်ပါ မီးလောင် ပေါက်ကွဲနိုင်သည့် အန္တရာယ် ရှိနေသဖြင့် Galaxy Note 7 ထုတ်လုပ်မှုကို ဆမ်ဆောင်း ရပ်တန့်
10-Oct-2016

ကိုရီးယား ထိပ်တန်း အီလက်ထရောနစ် ကုမ္ပဏီကြီး ဆမ်ဆောင်းဟာ အသစ် ထပ်ထုတ်တဲ့ Galaxy Note 7 ဖုန်းတွေမှာပါ မီးလောင်ပေါက်ကွဲနိုင်တဲ့ အန္တရာယ် ရှိနေတာကြောင့် ယင်းဖုန်းတွေ ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီဟာ သူတို့ရဲ့ မျိုးဆက်သစ် ဖုန်းမော်ဒယ်လ် Galaxy Note 7 ဖုန်းတွေမှာ မီးလောင် ပေါက်ကွဲတဲ့ ပြဿနာတွေ ရှိနေတာကြောင့် ကမ္ဘာတစ်ဝန်းမှာ ရောင်းချထားပြီးသား ယင်းဖုန်းတွေကို ပြန်သိမ်းခဲ့ရပါတယ်။

အဲဒီနောက် မီးလောင် ပေါက်ကွဲနိုင်တဲ့ ပြဿနာကို ဖြေရှင်းထားတဲ့ Galaxy Note 7 ဖုန်းတွေကို ထပ်မံ ထုတ်လုပ်ခဲ့ပေမယ့် အဲဒီလို အသစ် ထပ်ထုတ်တဲ့ ဖုန်းတွေမှာပါ မီးလောင် ပေါက်ကွဲနိုင်တဲ့ ပြဿနာ ရှိမြဲရှိနေတာကြောင့် ယင်းဖုန်းတွေ ထုတ်လုပ်မှုကို ရပ်တန့်လိုက်ရတာပါ။

မူလက Galaxy Note 7 ဝယ်ယူထားသူတွေကို အသစ် ပြန်လဲပေးတဲ့ ဖုန်းတွေမှာ မီးလောင် ပေါက်ကွဲတဲ့ သတင်း ပေးပို့ချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက အမေရိကန်က Galaxy Note 7 ဖုန်းအသုံးပြုသူ တစ်ဦးက သူ့ကို ဆမ်ဆောင်း ကုမ္ပဏီက အသစ်ပြန်လဲပေးလိုက်တဲ့ Note 7 ဖုန်းဟာ အားသွင်းကြိုး တပ်မထားဘဲနဲ့ မီးထလောင်ခဲ့ကြောင်း အကြောင်း ကြားခဲ့ပြီး အသစ် ထုတ်ထားတဲ့ Galaxy Note 7 ဖုန်းတစ်လုံး လေယာဉ်ပေါ်မှာ မီးခိုးတွေ ထွက်လာတဲ့ ဖြစ်စဉ် တစ်ခုလုံး ဖြစ်ပွားခဲ့ပါသေးတယ်။

Ref : CNN

  • VIA