News

POST TYPE

IT

ခရီးသည် ၁၆၀ ကျော်လိုက်ပါလာသော ရုရှားလေယာဉ်ပျက်ကျ၊ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရ
02-Sep-2018


မော်စကို၊ စက်တင်ဘာ ၁

ရုရှားနိုင်ငံ ဆိုချီမြို့တွင် စနေနေ့ နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း လေဆိပ်သို့ဆင်းသက်စဉ် ပြေးလမ်းပေါ်တွင် လမ်းချော်ထွက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာလူ ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းဌာနကများက ရေးသားဖော်ပြသည်။

ရုရှားအာဏာပိုင်များအဆိုအရ Utair လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစားခရီးသည်တင် လေယာဉ်သည် ခရီးသည် ၁၆၄ ဦးကို တင်ဆောင်ကာ မောင်စကိုမြို့မှ ဆိုချီမြို့သို့ ပျံသန်းလာပြီးနောက် ဆိုချီလေဆိပ်သို့ ဆင်းသက်စဉ် ယင်းသို့ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ဗီဒီယိုမှတ်တမ်းများတွင် ဆိုချီလေဆိပ်၌ လမ်းချော်သွားသော ယင်းလေယာဉ်မှ မီးတောက်များနှင့် မီးခိုးလုံးကြီးများ ထွက်နေသည်ကိုတွေ့ရသည်။ လေယာဉ်သည် လေဆိပ်ခြံစည်းရိုကို ဖောက်ထွက်ကာ မြစ်ကမ်းပါးပေါ်သို့ ရောက်သွားခဲ့သည်။ 

ရုရှားအာဏာပိုင်များအဆိုအရ ဒဏ်ရာရရှိသူအချို့မှာ မီးလောင်ဒဏ်ရာများဖြစ်ပြီး အချို့မှာ ကာဗွန်မိုအောက်ဆိုက်ငွေ့ ရှူရှိုက်မိခြင်းဖြစ်ကြောင်းသိရသည်။ 

ဗီဒီယိုမှတ်တမ်းတစ်ခုတွင်မူ ဆိုချီ လေဆိပ်သို့ ယင်းလေယာဉ်ဆင်းသက်ရာမှ လမ်းချော်သွားပုံများနှင့် မီးလောင်ကျွမ်းနေပုံများပါဝင်သည်။ 

နိုင်ငံပိုင် ရုပ်သံ Russia Today အဆိုအရ အဆိုပါလေယာဉ်သည် ဆိုချီ လေဆိပ်သို့ ဆင်းသက်ရန် နှစ်ကြိမ်တိတိ ကြိုးပမ်းခဲ့ကြောင်း၊ အကြောင်းမှာထိုအချိန်က ရာသီဥတုဆိုးရွားလွန်းသောကြောင့် ဖြစ်ကြောင်းသိရသည်။ 

ရုရှားပြည်တွင်းလေကြောင်းဖြစ်သော အဆိုပါ Utair မှ ပြောရေးဆိုခွင့်ရှိသူကမူ ယင်းလေယာဉ်သည် လေဆိပ်သို့ ဆင်းသက်ရန် ဒုတိယအကြိမ်ကြိုးပမ်းရာ၌ ပျက်ကျသွားခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

လေယာဉ်သည် ခြံစည်းရိုးကိုဖောက်ထွက်ကာ အနီးရှိ မြစ်ကမ်းပါးပေါ်သို့ရောက် ရှိသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Russia Today ရုပ်သံကမူခရီးသည် အားလုံးနှင့် လေယာဉ်အမှုထမ်းခြောက်ဦးစလုံးကို ကယ်ထုတ်နိုင်ခဲ့သည်။ အဆိုပါ လေယာဉ်မီးလောင်မှုကြောင့် လူသေဆုံးမှုမရှိခဲ့သော်လည်း လေဆိပ်အမှုထမ်းတစ်ဦးမှာ ယင်းဖြစ်စဉ်အတွင်း နှလုံးဖောက်ပြန်ခြင်းကြောင့် သေဆုံးသွားခဲ့ရသည်ဟု ဆိုသည်။

F-01