News

POST TYPE

IT

အူရီဒူးနှင့် HOG Esports စင်တာတို့ပူးပေါင်းပြီး အွန်လိုင်းဂိမ်းပြိုင်ပွဲ ကျင်းပမည်
04-May-2018



ရန်ကုန်၊ မေ ၃

ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးနှင့် HOG Esports စင်တာတို့ ပူးပေါင်းပြီး အွန်လိုင်းဂိမ်းပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှသိရသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ ဂိမ်းကစားသူများ ပါဝင်နိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဂိမ်းအမျိုးအစားများအနေနှင့် DOTA 2၊ Mobile Legends အပါအဝင် အခြားအွန်လိုင်းဂိမ်းများ ပါဝင်မည်ဖြစ်ကြောင်း HOG Esports စင်တာ၏ Founder ဦးကောင်းထက်စံက ပြောကြားသည်။

အူရီဒူးနှင့် HOG တို့သည် မြန်မာနိုင်ငံတွင် Esports ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးနိုင်ရန် မေလ ၃ ရက်နေ့တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး HOG စင်တာအတွက်လိုအပ်သည့် အင်တာနက်လိုင်းဝန်ဆောင်မှုကို အူရီဒူးက မြန်နှုန်းမြင့် Dedicated ဖိုင်ဘာ အင်တာနက်လိုင်းဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ပြိုင်ပွဲကို ဇွန်လအတွင်းမှာ ကျင်းပသွားမှာပါ။ ဆုကြေး စုစုပေါင်းကို ကျပ်သိန်း ၁၀၀ ကျော်လောက်အထိ ပေးသွားမှာပါ” ဟု ဦးကောင်းထက်စံက ဆိုသည်။

HOG Esports စင်တာသည် ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် အကြီးဆုံး အပြည်ပြည်ဆိုင်ရာ LAN-Gaming စင်တာတစ်ခုဖြစ်ပြီး နိုင်ငံတကာ Esports ပြိုင်ပွဲများကို ကျင်းပနိုင်သည့်နေရာနှင့် လိုအပ်သည့် ဝန်ဆောင်မှုများ ရရှိနိုင်သည့် ဂိမ်းစင်တာတစ်ခုဖြစ်သည်။

J-01