News

POST TYPE

IT

Telsa နှင့် Space X တည်ထောင်သူမှ ၎င်းတို့၏ Facebook စာမျက်နှာကို ဖျက်သိမ်း
27-Mar-2018



Facebook မှ သတင်းအချက်အလက် ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း Telsa ကားကုမ္ပဏီနှင့် Space X ဂြိုဟ်တုကုမ္ပဏီ သူဌေး Elon Musk သည် သက်ဆိုင်ရာ Facebookစာမျက်နှာများကို ဖျက်သိမ်းခဲ့ကြောင်း Twitter တွင် ကြေညာခဲ့သည်။

Elon Musk သည် #DeleteFacebook ကမ်ပိန်းတွင် နောက်ဆုံးပါဝင်လာခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ဒေတာအချက်အလက် ကုမ္ပဏီတစ်ခုဖြစ်သည့် Cambridge Analytica သည် လွန်ခဲ့သည့် ရက်သတ္တပတ်က Facebook ထံမှ အသုံးပြုသူအချက် အလက်ပေါင်းများစွာကို ရယူထိန်းချုပ်နိုင်ခဲ့ပြီး အများစုသည် Donald Trump သမ္မတမဲဆွယ်ပွဲအတွက် အသုံးပြုခဲ့သည့် အကောင့်များဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

Telsa နှင့် Space X တို့၏ Facebook စာမျက်နှာသည် Follower ပေါင်း ၁၀ သန်းကျော်ရှိပြီး Elon Musk ကိုယ်တိုင် ဖျက်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။

“ဒါဟာ နိုင်ငံရေးကြောင့် မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် Facebook ကို မကြိုက်တာပါ။ စိတ်ထဲလည်း နေလို့မရလို့ကို ကိုယ်တိုင် Delete နှိပ်လိုက်တာ”ဟု Elon Musk က Twitter ပေါ်တွင် ရေးသားခဲ့သည်။

အမေရိကန်ပြည်ထဲရေးမှ Facebook တည်ထောင်သူ Mark Zuckerberg အနေနှင့် ကုမ္ပဏီ၏ အသုံးပြုသူဒေတာ ပေါ်လစီကို ကိုယ်တိုင်ဝန်ခံပြောကြားသင့်ကြောင်း တိုက်တွန်းထားသည်။
 

  • VIA