News

POST TYPE

IT

အန်းဒရွိုက် ပီ (Android P) ကို မကြာခင် အသုံးပြုသူတွေ လက်ထဲ ထည့်ပေးတော့မယ်
13-Feb-2018

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၂

အန်းဒရွိုက် ဖုန်းတွေမှာဆိုရင် နောက်ဆုံး ထွက်အန်းဒရွိုက် ဗားရှင်းဖြစ်တဲ့ အိုရီယို (Oreo) ကို အသုံးပြုနေကြသူ ၁.၁ ရာခိုင်နှုန်းသာ ရှိနေပေမယ့်လည်း ဗားရှင်းအသစ် အန်းဒရွိုက် ပီကို ထုတ်နိုင်ဖို့ ဂူဂဲလ် ကုမ္ပဏီက ကြိုးစားနေပါတယ်။

အန်းဒရွိုက် ပီကို ထုတ်လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဆော့ဖ်ဝဲ ရဲ့ စွမ်းရည်ကို မြင့်မားအောင် ပြုလုပ်ဖို့ဖြစ်ပြီး အိုင်ဖုန်း အသုံးပြုသူတွေတောင်မှ အန်းဒရွိုက် ပီရဲ့ အလုပ်လုပ်ပုံတွေကြောင့် အန်းဒရွိုက်ဖုန်းကို သုံးကောင်းသုံးလာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဖုန်း ဒီဇိုင်းဆွဲတဲ့သူတွေက ဖုန်း မျက်နှာပြင်အပြည့် သုံးနိုင်တဲ့ အသားပေး ဒီဇိုင်းတွေ ဆွဲလာတာနဲ့ အမျှ အန်း ဒရွိုက် ပီမှာ iPhone X ကလိုမျိုး ကင်မရာ အကွေးလေး တစ်နေရာချန်ပြီး ကျန်ဖန်သားပြင်တစ်ခုလုံး အဆင်ပြေပြေ သုံးနိုင်အောင် စနစ်ကို မွမ်းမံသွားမယ်လို့လည်း ဆိုပါတယ်။

အန်းဒရွိုက်ပီကို ဖန်သားပြင်တစ်ခုထက်ပိုပါတဲ့ဖုန်း (ZTE Axon M)၊ ခေါက်လို့ရတဲ့ ဖန်သားပြင်သုံးတဲ့ဖုန်း (ဆမ်ဆောင်းကထုတ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ဖုန်း) တွေ အပါအဝင် ပုံစံဒီဇိုင်းမျိုးစုံရှိတဲ့ အန်းဒရွိက် စမတ်ဖုန်းတိုင်းမှာ အဆင်ပြေပြေ သုံးလို့ရအောင် ဖန်တီးနေတယ်လို့ ဆိုပါတယ်။

အန်းဒရွိုက်ပီကို မတ်လလောက်မှာ အစမ်းအနေနဲ့ စတင် မိတ်ဆက်ပေးပါလိမ့်မယ်။ မေလမှာ ဘာတွေ ပါတယ်၊ ဘယ်လိုတွေ လုပ်နိုင်တယ် ဆိုတာကို အပြည့်အစုံ မိတ်ဆက်ပေးပြီး ဆောင်းတွင်လောက်မှာ စတင် အသုံးပြုလို့ ရမယ်လို့ သိရပါတယ်။

F-06