News

POST TYPE

IT

တရုတ်နိုင်ငံထုတ် ယာဉ်သစ်အစီး ၅၀၀ YBS ယာဉ်လိုင်းများတွင် ပြေးဆွဲမည်
28-Dec-2017 tagged as ရန်ကုန် တရုတ် YBS

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

တရုတ်နိုင်ငံထုတ် ခရီးသည်တင် ဘတ်စ်ကားသစ် အစီး ၅၀၀ ဖြင့် YBS ယာဉ်လိုင်းများတွင် ပြေးဆွဲမည်ဖြစ်ကြောင်း လူထုမိတ်ဆွေ ကုမ္ပဏီထံမှ သိရသည်။

“ကုမ္ပဏီလိုင်စင်ကျပြီးနေပြီ။ YRTA က ယာဉ်လိုင်းနံပါတ် ချပေးဖို့ပဲကျန်တော့တယ်”ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူထုမိတ်ဆွေကုမ္ပဏီကို Power Eleven ကုမ္ပဏီနှင့် Aung Myin Thu Group ကုမ္ပဏီတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ယာဉ်လိုင်းကိုးခုတွင် ပြေးဆွဲရန် ဒီဇင်ဘာလဆန်းပိုင်းက 

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံ စာတင်ထားသည်ဟု ၎င်းက ပြောဆိုသည်။

ဝယ်ယူထားသည့် ယာဉ်အစီး ၅၀၀ ကို ခရီးစဉ်အကွာအဝေးအပေါ် မူတည်၍ ယာဉ်လိုင်းကိုးလိုင်းတွင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ပြီး ယာဉ်မောင်းများလည်း ခန့်ထားမည်ဖြစ်ကြောင်း 

လူထုမိတ်ဆွေ ကုမ္ပဏီထံမှ ထပ်မံသိရသည်။

Aung Myin Thu Group ကုမ္ပဏီသည် ယခင်က မန္တလေးမြို့တော်၌ ဘတ်စ်ကားလိုင်း တည်ထောင်ခဲ့ဖူးပြီး ရန်ကုန်တိုင်းအတွင်း ပြေးဆွဲဖူးခြင်းမရှိသေးဘဲ YBS စနစ်တွင် 

ဗန္ဓုလသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ၊ Omni Focus Services ကုမ္ပဏီ၊ Tran Link ကုမ္ပဏီ၊ BRT-Lite ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ၊ မြောက်ပိုင်းသား ကုမ္ပဏီ၊ ရွှေမြို့တော် 

ယာဉ်လိုင်းကုမ္ပဏီ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီ၊ Power Eleven အများပိုင်ကုမ္ပဏီ၊ အမြဲစိမ်း ကုမ္ပဏီ၊ Lucky Family ကုမ္ပဏီ၊ ရွှေပြည်သာယာ 

ယာဉ်လိုင်းကုမ္ပဏီ၊ SRT ယာဉ်လိုင်းကုမ္ပဏီ၊ စံဝေလယာဉ်လိုင်း ကုမ္ပဏီ၊ ရွှေအင်းဝ ယာဉ်လိုင်းကုမ္ပဏီ၊ ခေတ်သစ်ဘုရင့်နောင် အများပိုင်ကုမ္ပဏီ၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်းကုမ္ပဏီ၊ 

စီးတီးဒိုင်နာကုမ္ပဏီ၊ အနာဂတ် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ထက်မြတ်သူ ကုမ္ပဏီ၊ တောင်ပိုင်းခရိုင် ကုမ္ပဏီ၊ ကုန်းဘောင် ယာဉ်လိုင်းကုမ္ပဏီတို့ လုပ်ကိုင်လျက်ရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉၂ လိုင်းကျော်ရှိပြီး ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် ခရီးသည်များကို ပို့ဆောင်ပေးလျက်ရှိသည်။  

J-06