News

POST TYPE

IT

ဆိုရှယ်ကွန်ရက်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း Facebook ဝန်ခံ
18-Dec-2017

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇

ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီးတစ်ခုဖြစ်သည့် Facebook သည် သူ၏ Blog Post တစ်ခုပေါ်တွင် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းဖြင့် လူတို့၏ စိတ်ခံစားချက်များကို စုတ်ပြတ်သွားလောက်အောင် ဖြစ်စေကြောင်း ဝန်ခံမှုကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရကြောင်း Recode သတင်းတွင် ဖော်ပြထားသည်။

Facebook သည် ဘီလီယံပေါင်းများစွာ အကျိုးအမြတ်ရှိသည့် လုပ်ငန်းကြီးတစ်ခုအဖြစ် ထူထောင်နိုင်ခဲ့သော်လည်း မိမိတို့လုပ်ငန်းကို ထိတ်လန့်စရာကောင်းသည့် လုပ်ငန်းတစ်ခုအဖြစ် တစ်ကြိမ်မှ ဝန်ခံခဲ့ဖူးခြင်း မရှိခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ယခုကဲ့သို့ ထုတ်ပြန်ပြောကြားခြင်းမပြုမီ မိမိတို့အနေနှင့် သုတေသနလုပ်ငန်းပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးမှ Facebook ပေါ်တွင် ရေးသားတင်သမျှ စာများကို ဖတ်ခြင်းသက်သက်သာ ပြုလုပ်သင့်ပြီး မည်သို့မှ တုံ့ပြန်ရေးသား ပြန်လှန်ဝေဖန် ဆွေးနွေးနေခြင်းမပြုလျှင် ပိုကောင်းကြောင်း၊ တုံ့ပြန်ပြောဆိုနေမှုများက အသုံးပြုနေသူများကို ပိုပြီးဆိုးရွားစွာဖြင့် စိတ်ခံစားမှုများကို ဖြစ်ပွားစေကြောင်း Blog ပေါ်တွင် ရေးသားထားသည်။

Facebook က Share လုပ်ခြင်း၊ Post ရေးခြင်း၊ Comment ရေးခြင်းများကို အလွန်ရင်းနှီးသော မိတ်ဆွေများနှင့်သာ လုပ်ဆောင်သင့်ပြီး၊ အတိတ်ကရေးခဲ့ ခံစားခဲ့သည့် အကြောင်းအရာများကိုသာ ထပ်ကာထပ်ကာ ပြန်လည်ဖတ်နေခြင်းဖြင့်သာ ပို၍ ကောင်းမွန်သည့် ဘဝတစ်ခုကို ဖြစ်စေနိုင်ကြောင်းလည်း ထောက်ပြထားသည်။

အကြောင်းအရာ ရေးထားသမျှ တွေ့သည့်အရာတိုင်းကို လိုက်ဖတ်နေခြင်းမှာ ဆိုးရွားကြောင်း၊ အချို့သော စိတ်ဝင်စားစရာမကောင်းသည့် အကြောင်းအရာများကို ကျော်ပစ်လိုက်သင့်ကြောင်း၊ စိတ်ထဲမှာ ခံစားရသည့် အကြောင်းအရာများကိုသာ Like နှင့်  Comment တို့ကို ပေးသင့်ကြောင်းလည်း ဖော်ပြထားသည်။ 

Facebook က သူ၏ Blost နိဂုံးပိုင်းတွင် ပညာရှင်အများ နှစ်ပေါင်းများစွာ ထောက်ပြထားသည့် ဆိုရှယ်မီဒီယာ၏ ဆိုးကျိုးများကို ဝန်ခံလိုက်ပြီး ဆိုရှယ်မီဒီယာကို အကောင်းဆုံးဖြစ်စေရန် ကုစားနိုင်သည့်နည်းမှာ လူတိုင်းထိတ်လန့်ကြောက်ရွံ့စရာမလိုသည့် အကောင်းဆုံး မီဒီယာတစ်ခုဖြစ်စေရန် လုပ်ဆောင်သွားခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။ 

Facebook အနေနှင့် ဖိအားများစွာကို ရင်ဆိုင်လာရပြီးနောက် ကုမ္ပဏီ၏ CEO ဖြစ်သူ မာ့ခ်ဇပ်ကာဘတ်သည် Hard Questions ဆိုသည့် blog ပေါ်တွင် မိမိတို့၏ အခန်းကဏ္ဍကို ရိုးသားပွင့်လင်းစွာဖြင့် ဖွင့်ဟဝန်ခံလိုက်ပြီး “More, better Facebook!” ဆိုသည့်အနေအထားကို ရောက်အောင်ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။


  • VIA