News

POST TYPE

IT

ဟိုချီမင်းမြို့တော် BRT စနစ် တိုးမြှင့်လုပ်ဆောင်မည်
15-Dec-2017
ဟိုချီမင်းစီတီး၊ ဒီဇင်ဘာ ၁၄

ဟိုချီမင်းမြို့တော်တွင် မြို့တော်ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးစနစ်တွင် (BRT) ကို တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတကာ နည်းပညာအထောက်အကူများကို ရယူပြီး ဆောင်ရွက်ရန် အလုပ်ရုံ ဆွေးနွေးပွဲများလုပ်ကာ စီမံဆောင်ရွက်လျက်ရှိကြောင်း Vietnam News သတင်းတွင် ဖော်ပြထားသည်။

ဟိုချီမင်းမြို့တော်အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာ အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သို့သော် အစိုးရအနေနှင့် အမှန်တကယ် BRT စနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်မှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း၊ ပုဂ္ဂလိက ဘတ်စ်ကားစနစ်များကို ပိုပြီးဝင်ရောက်လာစေကာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုသေးကြောင်း မြို့တော်သယ်ယူပို့ဆောင်ရေးဌာနမှ ညွှန်ကြားရေးမှူး ရှောင်ကောင်းက ပြောကြားသည်။

ဟိုချီမင်းမြို့တော်တွင် လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားစနစ်နေရာ၌ Metro နှင့် BRT (bus rapit transit) စနစ်များဖြင့် ပြေးဆွဲနိုင်ရန်စီစဉ်နေပြီး ဆွီဒင်နိုင်ငံမှ ကုန်သွယ်ရေးကော်မရှင်နာ ဗီဗီယာနီဂီးလ်မန်းကလည်း BRT စနစ်အောင်မြင်ရေးအတွက် အထောက်အကူပေးမည်ဟု ဝန်ခံကတိပြုထားသည်။

ဆွီဒင်နိုင်ငံမှ Volvo Group ကုမ္ပဏီ၏ အကြံပြုချက်တွင် မြို့တော်အတွင်း ကားပိတ်သည့် ပြဿနာကို ဖြေရှင်းနိုင်လျှင် BRT စနစ်ကို ပြည်သူတွေက အထူးစိတ်ဝင်စားလာနိုင်ကြောင်း၊ BRT ကားများသာ သီးသန့်ပြေးဆွဲနိုင်သည့် ကားလမ်းကြောင်းများကို ဖန်တီးပေးလိုက်နိုင်လျှင် ပိုပြီးတိုးတက်လာနိုင်ကြောင်း ဖော်ပြထားသည်။

BRT စနစ်သည် နိုင်ငံတကာတွင် နှစ်ပေါင်း ၄၀ ခန့် အသုံးပြုလာသည့် နည်းစနစ်ဖြစ်ပြီး မြို့တော်အတွင်း ဘတ်စ်ကားပြေးဆွဲမှုသည် ပိုပြီး ခရီးရောက်မြန်ဆန်ကြောင်းကို ပြဆိုနိုင်ရန်အတွက် BRT ကားများကို သီးခြားလမ်းများဖြင့်သာ ပြေးဆွဲဝန်ဆောင်မှုပေးသင့်ကြောင်း  Volvo Group က အကြံပြုထားသည်။

မည်သည့်ဝန်ဆောင်မှုမဆို ပြည်သူများကသာ အဆုံးအဖြတ်ပေးကြောင်း၊ ပုဂ္ဂလိကကောင်းသည်၊ အစိုးရကောင်းသည်ဆိုခြင်းမှာ လမ်းကြောင်းမပိတ်သည့် အနေအထားကို အစိုးရကို ဖန်တီးပေးထားရန်လိုကြောင်း၊ မည်သူက ကိုင်တွယ်သည်ဖြစ်စေ မတိုးသာ မဆုတ်သာ ပိတ်ဆို့နေသည့် ယာဉ်ကြောအတွင်း အဖြေကောင်းတစ်ခုကို မရှာနိုင်ကြောင်းလည်း ဂီးလ်မန်း ကပြောကြားသည်။

ဟိုချီမင်းမြို့တော်အတွင်း မကြာမီ လျှပ်စစ်ဘတ်စ်ကားများကို အသုံးပြုသွားရန် ရည်ရွယ်ထားပြီး ၂၀၂၀ ပြည့်နှစ်တွင် စင်းရေ ၅၆၃၅ စီးခန့်အထိ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားကြောင်း Vietnam News တွင် ရေးသားထားသည်။


  • VIA