News

POST TYPE

IT

ထရမ့်အစိုးရအဖွဲ့ Cloud နည်းပညာဝန်ဆောင်မှုကို ရယူမည်ဟုဆို
15-Dec-2017


ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄

အချက်အလက်ဒေတာများကို လုံခြုံစိတ်ချရစေရန်နှင့် နည်းပညာကို အရှိန်မြှင့်သုံးစွဲနိုင်ရေးအတွက် Cloud နည်းပညာကို အခြေခံသည့် ဝန်ဆောင်မှုများကို အိမ်ဖြူတော်တွင် အသုံးပြုသွားရန် စီစဉ်နေကြောင်း တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောချက်ကို Reuters သတင်းတွင် ရေးသားထားသည်။

အိမ်ဖြူတော် တာဝန်ရှိသူများက အိုင်တီကို အဆင့်မြှင့်တင်ရေးကိစ္စမှာ အခြေခိုင်သည့် အထောက်အပံ့ရင်းမြစ်များ လိုအပ်ကြောင်း၊ လုပ်ငန်းတိုးတက်ရေးအတွက် အမြန်ဆုံးဝန်ဆောင်မှုကို ရယူရန်လိုကြောင်း၊ အိမ်ဖြူတော်နှင့် အစိုးရအဖွဲ့၏ အိုင်တီဆိုင်ရာ ခေတ်နောက်ကျနေမှုများကို Cloud နည်းပညာဖြင့်သာ အမြန်ဆုံး ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အိမ်ဖြူတော် အစီရင်ခံစာတွင် လာမည့် ၂၀၁၈ ခုနှစ်က စတင်ပြီး အိုင်တီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည့် အသေးစိတ်အစီအစဉ်များကို ဖော်ပြထားကြောင်း၊ Cloud နည်းပညာကို အခြေခံထားသော အီးမေးလ်ဝန်ဆောင်မှုကို အမည်မဖော်ပြထားသည့် ကုမ္ပဏီတစ်ခုထံမှ ရယူသုံးစွဲသွားမည်ဖြစ်ပြီး၊ မကြာမီ Cloud-based Email စနစ်ကို လုံခြုံရေးအရ အသုံးပြုသွားမည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယခုနှစ် ဧပြီလကတည်းက အမေရိကန်အစိုးရအဖွဲ့တွင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကဏ္ဍကို ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်သည်။

အိမ်ဖြူတော်အစီရင်ခံစာတွင် ပြည်နယ်အစိုးရအဖွဲ့များသည်လည်း အိုင်တီဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း၊ ခိုင်မာသည့် အဖွဲ့အစည်းများထံမှ ဝန်ဆောင်မှုများကို ရယူပြီးနောက် ပြုပြင်ပြောင်းလဲသင့်ကြောင်းအပြင်၊ အိုင်တီဆိုင်ရာ ပစ္စည်းတစ်မျိုးအပေါ်တွင် ဈေးနှုန်းအမျိုးမျိုးနှင့် ဝန်ဆောင်မှုရယူသုံးစွဲနေမှုများကိုပါ ထောက်ပြဝေဖန်ထားသည်။

အိမ်ဖြူတော်၏ အိုင်တီဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို အမေရိက၏ နာမည်ကျော် နည်းပညာအဖွဲ့အစည်းများဖြစ်သည့် Google ၏ Alphabet ကုမ္ပဏီ၊ Amazon.com အပြင် Microsoft နှင့် Intel တို့ကပါ Cloud အခြေခံနည်းပညာများတွင် ဝင်ရောက်တာဝန်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အမေရိကန်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ အစိုးရအဖွဲ့သည် အိုင်တီကဏ္ဍအတွက် နှစ်စဉ် ဒေါ်လာ ၈၀ ဘီလီယံခန့်ကို အသုံးပြုခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်းကစတင်ကာ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံခန့်သာ အသုံးပြုတော့ကြောင်း၊ အစိုးရအဖွဲ့အတွင်းရှိ ဒေတာစင်တာ ၆၁၀၀ ခန့်ကို Cloud အခြေခံ သိုလှောင်သည့်စနစ်ကို ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း Reuters တွင် ရေးသားထားသည်။

  • VIA