News

POST TYPE

IT

ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ကျင်းပသွားမယ့် BarCamp yangon 2018
12-Dec-2017 tagged as


တစ်နိုင်ငံလုံးက ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေမှာ ဘားကမ့်ပွဲတော်တွေ ကျင်းပပြီး နည်းပညာ၊ အသိပညာများကို မျှဝေလာကြပါတယ်။ ဒီဘားကမ့်ပွဲတော်တွေရဲ့ အစဖြစ်တဲ့ ဘားကမ့်ရန်ကုန်ရဲ့ ၂၀၁၈ ခုနှစ်အတွက် ကျင်းပမယ့် BarCamp Yanon 2018 ပွဲကိုတော့ ဇန်နဝါရီလ ၂၇ ရက် နဲ့ ၂၈ ရက်တွေမှာ ရန်ကုန်မြို့ MICT Park အတွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

BarCamp ပွဲတွေကို မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တက်ရောက်သူအများဆုံးဆိုတဲ့ စံချိန်တွေကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပညာ စွန့်ဦးလုပ်ငန်း လုပ်ကိုင်တော့မလို့လား

ပြည်တွင်းနည်းပညာ စွန့်ဦးလုပ်ငန်းတွေကို အထောက်အပံ့တွေပေးနေတဲ့ ဖန်တီးရာ ဒီဇင်ဘာလ ၁၆ ရက်၊ စနေနေ့ ၃ နာရီအချိန်မှာ Startup Ideation Bootcamp ကို ဖန်တီးရာ ရုံးခန်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ စွန့်ဦးလုပ်ငန်း လုပ်ကိုင်မယ့်သူတွေအတွက် အကောင်းဆုံး အကြံဉာဏ်တွေကို ပေးနိုင်မှာဖြစ်တဲ့အပြင် ကိုယ့်လုပ်ငန်းအတွက် ပိုပြီးကောင်းမွန်တဲ့ စိတ်ကူးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့်လိုပဲ စွန့်ဦးလုပ်ငန်းလုပ်ကိုင်လိုတဲ့ သူအချင်းအချင်း တွေ့ဆုံပြီး ပူးပေါင်းနိုင်မယ့် အခွင့်အရေးတွေလည်း ရနိုင်မှာဖြစ်ပါတယ်။

Social Media Marketing Seminar 

ဒီဇင်ဘာလ ၁၆ ရက် စနေနေ့ မွန်းလွဲ ၁နာရီ မှာပဲ Social Media Marketing နဲ့ ပတ်သက်တဲ့ Seminar တစ်ခုကို ရန်ကုန်မြို့ MICT Park မှာရှိတဲ့ Myanmar International Business Academy မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်ကနေ ကြော်ငြာလုပ်ငန်း လုပ်ကိုင်လိုတဲ့ လူငယ်တွေအတွက် အထောက်အပံ့ကောင်းတွေ အများကြီးရရှိနိုင်မှာဖြစ်သလို ပြည်တွင်းမှာဆိုရင်လည်း Social Media Marketing ကို လူငယ်အများစု စိတ်ဝင်စားလာကြတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဒီ Seminar ကို တက်ရောက်ချင်တယ်ဆိုရင်တော့ ဝ၉၂၅၂၂၂၈၈၈၉ ကို ဆက်သွယ်စာရင်းပေးပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

  • VIA
  • TAGS