News

POST TYPE

IT

၂၀၁၈ ခုနှစ်ကစတင်ပြီး မောင်းသူမဲ့ကားများ ဂျပန်တွင် ပြေးဆွဲရန် Nissan စီစဉ်
08-Dec-2017

တိုကျို၊ ဒီဇင်ဘာ ၇

ဂျပန်နိုင်ငံ၏ နာမည်ကျော် ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Nissan သည် ၂၀၁၈ ခုနှစ်က စတင်ပြီး မောင်းသူမဲ့ကားများကို ပြေးဆွဲနိုင်ရန်အတွက် မိမိဇာတိနိုင်ငံတွင် စတင် စမ်းသပ်လျက်ရှိကြောင်း The Drive သတင်းတွင် ဖော်ပြထားသည်။ 

Nissan နှင့် အခြားနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် DeNA တို့ ပူးပေါင်းကာ ယိုကိုဟားမားမြို့တော် မီနာတိုမီရာအီဒေသအတွင်း ရှေ့ပြေး အစီအစဉ်အနေဖြင့် မောင်းသူမဲ့ကားများကို စမ်းသပ်မောင်းနှင်လျက်ရှိကြောင်း ယင်းသတင်းကဆိုသည်။

အများပြည်သူတို့ကြားတွင် မောင်းသူမဲ့ကားများကို စမ်းသပ်ခြင်းအား Uber နှင့် Waymo ကုမ္ပဏီများကလည်း ပူးပေါင်း ပါဝင်ကြပြီး၊ မောင်းသူမဲ့ ကားပြေးဆွဲမှု လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်မှ ၁၈ ရက်အတွင်း စတင်လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း Nissan က ထုတ်ပြန်ထားသည်။

Easy Ride ဟု အမည်ပေးထားသည့် မောင်းသူမဲ့ကားများနှင့် ပြေးဆွဲရေး အစီအစဉ်ကို Nissan ကုမ္ပဏီထုတ် Leaf လျှပ်စစ်ကားများနှင့် ပြေးဆွဲရန် စီစဉ်ထားပြီး ထိုလုပ်ငန်းစဉ်များကို ပူးတွဲလုပ်ဆောင်ရန် DeNA ကုမ္ပဏီနှင့်လည်း သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီးကြောင်း သိရသည်။

Waymo နှင့် Uber ကားအငှားလုပ်ငန်း ကုမ္ပဏီများကလည်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သော်လည်း မောင်းသူမဲ့ကားများဖြင့် ဝန်ဆောင်မှုကို လတ်တလောတွင် လုပ်ဆောင်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားသည်။

Ford ကုမ္ပဏီသည် လာမည့် ၂၀၂၁ ခုနှစ်မှ မောင်းသူမဲ့ကားများကို ထုတ်လုပ်ရန်ပြင်ဆင်ထားပြီး၊ General Motors ကုမ္ပဏီက ၂၀၁၉ နှစ်မှသာ ထုတ်လုပ်မည်ဟု ကြေညာထားသည်။

မောင်းသူမဲ့ကားများ လမ်းပေါ် ထွက်လာချိန်တွင် ယာဉ်ကြော ပိတ်ဆို့မှုများသည် ဆက်လက် ရှိနေဦးမည်သာ ဖြစ်သော်လည်း ကားများကို တစ်သက်တာ အာမခံပေးမှုများနှင့် မက်လုံးပေးနေမှုများကြောင့် လူတိုင်းက စိတ်ဝင်စားနေကြကြောင်း The Driver တွင် ရေးသားထားသည်။ 

မကြာမီ ဂျပန်နိုင်ငံ ကားအရောင်းပြခန်းများတွင် Nissan ကုမ္ပဏီထုတ် မောင်းသူမဲ့ကားများကို ပြသထားရန် စီစဉ်နေကြပြီး Ride-Sharing Services ဆိုသည့် လမ်းကြောင်းမပိတ်သည့် လမ်းပြစနစ်၊ စမတ်ဖုန်းဖြင့် ကားလမ်းကြောင်း ရွေးချယ်ခြင်းနှင့် အဝေးပြေး အမြန်လမ်းမကြီးများပေါ်တွင် ယာဉ်ကြော ရှင်းပေးသည့် အလိုအလျောက် စနစ်များ ပါဝင်သည် ဆိုသောကြောင့် ဂျပန်နိုင်ငံတွင် ကားဝယ်စီးမည့်သူများ စိတ်ဝင်စားလျက်ရှိကြကြောင်း The Driver တွင် ဖော်ပြထားသည်။


  • VIA