News

POST TYPE

IT

Coding Planet မိုဘိုင်းလ် App ရေးသားသူများနှင့် တွေ့ဆုံခြင်း
05-Dec-2017
ပြည်တွင်း နည်းပညာကဏ္ဍအတွင်း တိုးတက်မှုများ အစပြုလာချိန်၌ နည်းပညာ ကျောင်းသူ ကျောင်းသားများက နည်းပညာ တီထွင်မှုများကို ကြိုးစား ဆောင်ရွက်လာကြသည်။ နည်းပညာ တီထွင်မှုပြိုင်ပွဲများလည်း ရှိလာသည့်အလျောက် နည်းပညာ ထုတ်ကုန်များလည်း အများအပြား ထွက်ပေါ်လာကြသည်။ ယင်းတို့အနက်မှ Programming Coding များလေ့လာရာတွင် အထောက်အကူပြုနိုင်မည့် Coding Planet 2 မိုဘိုင်းလ် App ရေးသားသည့် ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ညီလေးတို့အနေနဲ့ လုပ်ခဲ့တဲ့ Coding Planets 2 မိုဘိုင်းလ် App က ဘယ်လိုအမျိုးအစားမျိုးလဲ၊ ဘာတွေ လုပ်ဆောင်နိုင်မလဲ၊ ဂိမ်းတစ်ခုလို့ ပြောနိုင်ပေမယ့်လို့ ဒီအပေါ်ကနေ ဘာတွေ လေ့လာနိုင်မလဲ ဆိုတာလေး ပထမဆုံး မိတ်ဆက်ပြောပြပေးပါဦး။
C P : ဒီ Coding Planets 2 မိုဘိုင်းလ် App က Educational, Brain Elevation, Brain Training အမျိုးအစား ဖြစ်ပါတယ်။ ဒီ App မှာ Programming Language Basic နဲ့ Logic ကို Game လေးဆော့ရင်း လေ့လာလို့ မပျင်းသွားအောင် ရေးထားပေးပါတယ်။ ဒီ app မှာ လောလောဆယ်တော့ Hot ဖြစ်တဲ့ Programming Language ၃ မျိုးကို သင်ကြားပေးထားပါတယ်။

Voice : Coding Planets 2 လို့ ဆိုတဲ့အခါကျတော့ ရှေ့မှာ ထုတ်ထားတာ ရှိသေးတာလား။
C P : ရှေ့မှာ Coding Planets ဆိုပြီး Version 1 ရှိပါသေးတယ်။ Samsung Tech Institute ရဲ့ App Competetion က First နဲ့ Second Presentation ဆိုပြီး နှစ်ကြိမ်ရှိတော့ ပထမအကြိမ်မှာ Version 1 ကို ရေးပါတယ်။ Judge တွေက UI မလှတာတို့၊ ဆော့ပြီးရင် ဘာ Programming Language မှတတ်သွားတာ မရှိဘူးဆိုပြီး Feedback ပေးတော့ Coding Planets 2 ဆိုပြီး အခုလို တကယ့် Programming Language တွေနဲ့ ဆော့လို့ရအောင် Minimal Design ဆန်ဆန် လုပ်ဖြစ်သွားတာပါ။

Voice : ဒီ App က Samsung Tech Institute အဲ့ဒီမှာရော ဆုတွေရခဲ့တာ ရှိသေးလား။ 
C P : Samsung Tech Institute App Training and Competetion မှာတော့ 2nd Runner Up ပဲ ရခဲ့ပါတယ်။

Voice : ဒီ App ကို အဓိက ဘယ်လိုလူတွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားသလဲ။ Coding တွေနဲ့ ပတ်သက်တာဆိုတော့ ဂိမ်းတစ်ခုလို ပုံစံဆိုပေမယ့် သာမန် ဒီ Coding ကို မလေ့လာထားဖူးတဲ့သူတွေအနေနဲ့ရော အသုံးပြုနိုင်မလား။
C P : ဒီ app ကို အဓိကအားဖြင့် Coding မတတ်တဲ့သူတွေ လွယ်လွယ်ကူကူ Game လေးနဲ့ လေ့လာနိုင်အောင် လုပ်ထားတာဆိုတော့ Coding မလေ့လာဖူးတဲ့သူတွေအတွက် ပိုကောင်းတယ်လို့ ပြောရမှာပေါ့။ Coding လေ့လာဖူးတဲ့သူတွေအတွက်ကတော့ ကိုယ်တတ်ထားတဲ့ ပညာနဲ့ Game ဆော့ရတယ်ဆိုတဲ့ Feel ကို ခံစားသွားစေမှာ ဖြစ်ပါတယ်။

Voice : ဒီလို App ကို လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကရော ဘာကြောင့်လဲ။ 
C P : Coding ဆိုတာကြီးက ဒီတိုင်း လေ့လာရင် ပျင်းဖို့ ကောင်းပါတယ်။ ဒါကိုပျင်းဖို့ မကောင်းအောင် သင်ပေးချင်တယ်။ Coding ရဲ့ Logical Thinking ကိုပါ တစ်ခါတည်း ရသွားစေချင်တယ်။ မြန်မာတွေ ဆော့ရလွယ်အောင် လုပ်ချင်မိတယ်။ ဒီလိုရည်ရွယ်ပြီး ရေးဖြစ်သွားတာပါ။

Voice : ဂိမ်းပုံစံမျိုးလေး ထုတ်ထားတော့ ဒါ Coding ပိုင်းကို လေ့လာ သင်ကြားမယ့်သူတွေအတွက် အဆင်ပြေပြေ လေ့လာနိုင်တာပေါ့။ ဂိမ်းရဲ့ တစ်ခန်းချင်းမှာ အဆင့် ဘယ်နှခုစီ သတ်မှတ်ထားသလဲ။ နောက်တစ်ဆင့်ချင်းမှာ ဘယ်လို ခက်ခဲလာမလဲပေါ့လေ။ ဒီဟာကို နည်းနည်းလေး ပြောပြပေးပါဦး။
C P : အခုလက်ရှိမှာ Basic နဲ့ Loop ဆိုပြီး နှစ်ခု အခန်းနှစ်ခန်း ပါပါတယ်။ Basic အခန်းမှာ အဆင့် ၈ ဆင့်နဲ့ Loop အခန်းမှာ အဆင့် ၁၀ ဆင့် ပါပါတယ်။ အခန်းအလိုက် ဆော့ပုံဆော့နည်းတွေ များလာမယ် အဆင့်အလိုက် စဉ်းစားရ ပိုရှုပ်ပြီး ပိုခက်လာပါမယ်။

Voice : ဒီ App က Coding စပြီး လေ့လာမယ့်သူတွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ပေး နိုင်မယ်လို့ ထင်သလဲ။ ကြားရတာတော့ ပြည်တွင်းက ဆရာတွေတောင်မှ ကောင်းတယ်၊ ကြိုက်တယ်လို့ အားပေးတာတွေ မြင်ရကြားရတယ်။
C P : Coding လေ့လာမယ်ဆိုရင် ဘယ် Language နဲ့လို ရေးရမယ်ဆိုတာထက် ဘယ်လို စဉ်းစားရမယ်ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ဒါကိုသာရသွားရင် ဘယ် Programmning Language နဲ့မဆို ရေးရ လွယ်သွားမှာပါ။ ဒီ App မှာဆို Language ထက် Coder တစ်ယောက်လို ဘယ်လို တွေးမလဲဆိုတာကို သင်ကြားပေးတဲ့အတွက် စတင် လေ့လာသူတွေအတွက် တော်တော်လေး အထောက်အပံ့ပေးမယ်လို့ ယုံကြည်ပါတယ်။ အခုလို အားပေးကြတဲ့ ဆရာသမားတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

Voice : ပြည်တွင်း နည်းပညာနယ်ပယ်မှာ ညီလေးတို့လို ကျောင်းသားလူငယ်တွေအနေနဲ့ နည်းပညာ လေ့လာမှုတွေ၊ အခုလို ဖန်တီးမှုတွေ လုပ်တဲ့နေရမှာ ဘယ်လို အခက်အခဲတွေရှိသလဲ။ ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ။
C P : အခက်အခဲတွေကတော့ အများကြီးပါ။ အရင်ထက်စာရင် ပျောက်သွားတဲ့ အခက်အခဲတွေ ရှိသလို ထက်တိုးလာတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ တစ်ယောက်တစ်မျိုး အခက်အခဲ မတူကြတော့ ပြောပြဖို့ခက်မယ်လို့ ထင်ပါတယ်။

Voice : အစုအဖွဲ့လိုက် ဖန်တီးတဲ့နေရာမှာရော။ အခုဆို ၃ ယောက်ပေါင်းပြီး ဒီ App ကို ထုတ်တဲ့အခါကျတော့ ဘာတွေ အဆင်ပြေလာသလဲ၊ ဘာတွေကရော ညှိရနှိုင်းရခက်သွားသလဲ။ နောက်ပြီးတော့ ဒီအဖွဲ့က ရေရှည်ဆက်ပြီး လက်တွဲသွားဖို့ ရှိမလား။ 
C P : ကျွန်တော်တို့အတွက် ပထမဆုံး အခက်အခဲကတော့ Team Chemistry ပေါ့။ ဒါကလည်း တစ်ယောက်နဲ့တစ်ယောက် သိသွားတဲ့အခါ မရှိတော့သလောက် ဖြစ်သွားပါတယ်။ နောက်တစ်ချက်ကတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မလုပ်ဖူးတာမျိုးကို ပြိုင်ပွဲကာလအတွင်း အချိန်မီ လုပ်ရတာမျိုးပေါ့။ ဥပမာ - အခု App မှာ သူများကို Programming Language သင်ပေးဖို့ ကိုယ်တိုင် Programming Language အသေးလေးတစ်ခု ရေးလိုက်ရတယ်။ ကျွန်တော်တို့ကတော့ Coding Planets Game Language လို့ ခေါ်ပါတယ်။ isometric(2.5d) ဆိုတာမျိုးလည်း တစ်ခါမှ မလုပ်ဖူးတော့ အဲ့ကျမှ လိုအပ်တဲ့ Math ကိုလေ့လာပြီး လုပ်တာမျိုး။ Level တွေကိုလည်း လွယ်လွယ်ကို Create လုပ်လို့ရအောင် Level editing tool တစ်ခု ရေးလိုက်ရတာတို့ ရှိပါတယ်။ ဒါမျိုးတွေ လုပ်ရတဲ့အခါ ၁၀ ခါ လုပ်ကြည့်ရင် ၉ ခါလောက်က မရတွေရှိလာတယ်။ အဲ့ကျ အချိန် မမီတော့ဘူး လုပ်မနေနဲ့ အရှုံးပေးလိုက်တော့လိုမျိုးတွေအပြင် စကားများ ရန်ဖြစ်တာမျိုးတွေတော့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက် သွားဖို့ ရှိပါသေးတယ်။ အခုဆို App က လုံးဝကြီး Complete လည်း မဖြစ်သေးဘူး။ စိတ်တိုင်းလည်း မကျသေးဘူး။ ဆိုတော့ ရှေ့ဆက် 3D ဖြစ်အောင် ရေးမယ်၊ Level တွေထပ်ထည့်မယ်၊ Level တွေ Create လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် Share ပြီး Challenge လုပ်လို့ရအောင် Online Feature နဲ့ Leaderboard လိုမျိုးလည်း ထည့်ဖို့ စဉ်းစားထားရာ ထားပါတယ်။

Voice : လူငယ်တွေအနေနဲ့ နည်းပညာတီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်နေနိုင်ဖို့ ဘယ်လို အထောက်အပံ့တွေ လိုအပ်ဦးမလဲ။ 
C P : ကျွန်တော့်အမြင်ကတော့ အထောက်အပံ့တွေ အများကြီး လိုအပ်ပါတယ်။ Phisically ရော Mentally ရောပေါ့။ အခုမှ မြန်မာ့နည်းပညာလောကက ဦးမော့လာခါစ အခြေအနေဆိုတော့ အခက်အခဲတွေ အများကြီးရှိသလို လိုအပ်တာကတော့ ပြောမဆုံး ပေါင် တောသုံးထောင်ပါပဲ။

Voice : ညီလေးတို့အနေနဲ့ ဖြည့်စွက်ပြီးတော့ပေါ့လေ။ ပြည်တွင်း နည်းပညာနယ်ပယ်က ကျောင်းသူ ကျောင်းသား ညီအစ်ကိုတွေကို ဘာအကြံပြုချင်သလဲ။
C P : အကြံပြုချင်တာကတော့ ကျောင်းတွေက သင်ပေးနိုင်တာ ရှိသလို သေချာမသင်ပေးနိုင် မပေးလိုက်နိုင်တာတွေလည်း အများကြီးပါ။ ဒါကို ကျေနပ်မနေဘဲ ကိုယ်တိုင်လေ့လာပြီး တိုးတက်ရာ တိုးတက်ကြောင်း ရှာကြပါလို့။ ရှာပြီးရင်တော့ ဖြစ်နိုင်ရင် နောက် Generation ကို သင်ပေးကြပါ။ ကိုယ့်ထက်တော်အောင် လက်စောင်းထက်အောင် သင်ပေးကြပါလို့ ပြောချင်ပါတယ်။

မောင်မန်း


  • VIA