News

POST TYPE

IT

လာမည့် ၂၀၃၀ တွင် လုပ်သား သန်း ၈၀ဝ နေရာကို စက်ရုပ်များ အစားထိုးမည်ဟုဆို
02-Dec-2017 tagged as

နယူးယောက်၊ နိုဝင်ဘာ ၃၀

ကမ္ဘာကြီးသည် နည်းပညာဖြင့် ခေတ်တစ်ခေတ် ပြောင်းရန် ကြိုးစား ဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူသားလုပ်သား သန်း ၈၀ဝ နေရာကို စက်ရုပ်များနှင့် အစားထိုးမည်ဖြစ်သဖြင့် လူသားတို့ အလုပ်လက်မဲ့များ ဖြစ်ရမည့်အရေးကို ကြိုတွေးထားသင့်ကြောင်း McKinsey အစီရင်ခံစာကို The Bloomberg သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အခြေစိုက်ထားသည့် McKinsey သည် ကမ္ဘာပေါ်တွင် ထင်ရှားသည့် စီမံခန့်ခွဲရေးဆိုင်ရာ အကြံပေး ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ၁၃ နှစ်အတွင်း စက်များက လူသားတို့၏လုပ်အားကို သိမ်းပိုက်လာမည်ဟု ဖော်ပြထားကြောင်း ယင်းသတင်းကဆိုသည်။

လူသားတို့ အလုပ်လက်မဲ့ အများဆုံး ဖြစ်သွားမည့် နေရာများမှာ အမြန်စား အစားအစာ လုပ်ငန်း၊ စက်ပြင်လုပ်ငန်းများ၊ ဥယျာဉ်ထိန်းသိမ်းရေးလုပ်ငန်း၊ ပိုက်ပြင်၊ ကလေးထိန်း စသည့်လုပ်ငန်းများဖြစ်ပြီး ထိုလုပ်ငန်းများတွင် စက်ရုပ်များကို ဖြည့်ဆည်းကြတော့မည်ဟုဆိုသည်။ 

McKinsey အစီရင်ခံစာကို အလုပ်ဆုံးရှုံးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းဟု အမည်ပေးထားပြီး စက်များက လူသားတို့ နေရာကို ကူးပြောင်း ရောက်ရှိလာနိုင်သည့် အကြောင်းခြင်းရာများအား ရေးသားဖော်ပြထားသည်။

လယ်ယာ လုပ်ငန်းနှင့် စက်မှုကုန်ထုတ် လုပ်ငန်းများတွင် လူသားတို့အစား အလိုအလျောက် စက်များကို အသုံးပြုလာကြလိမ့်မည် ဖြစ်သောကြောင့် ဝန်ထမ်း လျှော့ချမှုများမှာ သိသာနိုင်ကြောင်း၊ လုပ်ငန်းပေါင်း သုံးပုံတစ်ပုံခန့်တွင် စက်များ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် လက်ရှိ လုပ်ကိုင်နေသည့် အလုပ်မှ ၆၀ ရာခိုင်နှုန်းခန့်မှာ အလုပ်ပြုတ်သွားနိုင်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ကမ္ဘာ့လုပ်သား သန်း ၄၀ဝ မှ သန်း ၈၀ဝ ကြား လာမည့် ၁၃ နှစ်အတွင်း မည်သည့် လုပ်ငန်းများတွင် ရပ်တည် အသက်မွေးရမည်ကို စဉ်းစားထားသင့်ကြောင်း၊ အသက်မွေးမှုနှင့် ကျွမ်းကျင်မှု လုပ်ငန်း လိုအပ်ချက်များမှာ ပြောင်းလဲသွားတော့မည်ဖြစ်သောကြောင့် ယခုကတည်းက လူသားတို့အတွက် အဖြေရှာထားရန် လိုကြောင်းလည်း ယင်းအစီရင်ခံစာက ဆိုသည်။ 

အစီရင်ခံစာအရ တရုတ်နိုင်ငံတွင် ကွန်ပျူတာစက်များ တပ်ဆင်မှုသည် အကြီးမားဆုံး ဖြစ်လာနိုင်ပြီး တရုတ်တို့၏ အလုပ်လက်မဲ့ ပြဿနာသည် ကမ္ဘာကို မည်မျှ ရိုက်ခတ်လာနိုင်ကြောင်း ကြိုတင် စဉ်းစားထားရန်လည်း ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီး လယ်ကွင်းထဲမှာ စက်ရုံအတွင်း ဆွဲသွင်းခြင်း ခံခဲ့ရသည့် လုပ်သားများသည်။ မကြာမီ အလုပ်လက်မဲ့ ဖြစ်ကုန်တော့မည်ဖြစ်သဖြင့် အဖြေသစ်ကို ရှာထားရန် McKinsey တွင် ရေးသားထာသည်။

  • VIA
  • TAGS