POST TYPE
IT
ဒစ်ဂျစ်တယ်ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
17-Nov-2017
ဝါရှင်တန်၊ နိုဝင်ဘာ ၁၆
အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး ဒစ်ဂျစ်တယ် ဆေးပြားများကို တီထွင် ထုတ်လုပ်လိုက်ပြီး နည်းပညာနှင့် ကျန်းမာရေး ကဏ္ဍကို အကောင်းဆုံး ပေါင်းစပ်လေ့လာနိုင်မည့်စနစ် တစ်ခုအဖြစ် အစားအစာနှင့်ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့ (FDA) က အသိအမှတ်ပြုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

Abilify ဆေးပြားများကို Schizophrenia နှင့် Biopolar Disorder ရောဂါများအပြင် စိတ်ကျဝေဒနာ ခံစားနေရသည့် ရောဂါများကိုပါ ကုသနိုင်ပြီး ဆေးပြားများထဲတွင် ရောဂါ အနေအထားကို အာရုံခံစနစ်များအား ထည့်သွင်းပေးထားပြီးဖြစ်သည်။
ဒစ်ဂျစ်တယ်ဆေးစနစ်က လူနာသည် ဆေးပြားကို မျိုချလိုက်သည်နှင့် ဆေး၏ အာနိသင်သက်ရောက်မှု ရှိ၊ မရှိကို စောင့်ကြည့်သွားနိုင်ပြီး အခြား မည်သို့ ဆက်လက် လုပ်ဆောင်ရန် လိုအပ်သေးကြောင်းတို့ကိုပါ အဖြေရှာနိုင်ရန် စီစဉ်ထားသည်။
ဆေးစားပြီး ထောက်လှမ်းနိုင်သည့်စနစ်မှာ စိတ်မကျန်းမာသူများအတွက် အလွန် ထိရောက်သည့် နည်းစနစ်တစ်ခုဖြစ်ပြီး၊ ဆေးကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုများကို ပြန်လည် ပြောပြနိုင်ခြင်း မရှိသည့် လူနာများအတွက် အကောင်းဆုံး နည်းစနစ်တစ်ခု ဖြစ်ကြောင်း FDA က ထုတ်ဖော်ပြောကြားသည်။
ဆေးထဲတွင် ထည့်သွင်းပေးလိုက်သည့် ဆင်ဆာစနစ်က လူတို့ ကိုင်ဆောင်ထားသည့် နာရီ၊ ဖုန်း သို့မဟုတ် တက်ဘလက်များဆီသို့ ဆေးကို ချေဖျက်ပြီးသည်နှင့် လိုအပ်သည့် ဒေတာများကို ပြန်ပို့ပေးနေမည်ဖြစ်သည်။
ဆင်ဆာစနစ်သည် ဆားပွင့်လောက်သာ ရှိပြီး ဘက်ထရီမလို၊ အင်တီနာမလို ဝမ်းဗိုက်အတွင်းရှိ အရည်များအတွင်း လှည့်ပတ်သွားနေပြီး၊ ဝမ်းတွင်းရှိ အရည်များ၌ ပါဝင်သည့် ကြေးနီ၊ သတ္တုဓာတ်များကတစ်ဆင့် အားပြန်သွင်းပြီးသား ဖြစ်ကာ ဒေတာများကို ပြန်ပို့ပေးနိုင်သည်။
ဆီးချိုနှင့် နှလုံးရောဂါများအတွက် ဆေးပြားများကိုလည်း မကြာမီ တီထွင်ပြီး လူနာများအတွက် အဖြေရှာပြနိုင်ရန် စီစဉ်နေကြောင်း Reuters တွင် ရေးသားထားသည်။
Proteus ကုမ္ပဏီသည် ဆေးပြားများကတစ်ဆင့် ထောက်လှမ်းသည့်စနစ်ကို ၂၀၁၂ ခုနှစ်ကတည်းက တီထွင်ခဲ့ပြီး Abilify MyCite ဆိုသည့်အမည်ဖြင့် ပထမဆုံး စမ်းသပ်ခဲ့သည်။
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019